Whatever You Are - Zawgyi (21)

109 10 0
                                    

ဒီနေ့က နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်ကို ကြိုဆိုရမယ့်နေ့ပေါ့ ရှောင်းကျန့်အတွက်လည်း ဘဝသစ်ကို နှုတ်ခွန်းဆက်ဖို့ အဆင်သင့်ဖြစ်နေတဲ့နေ့ပါပဲ

ဒီနေ့အတွက် ပြင်ဆင်နေရတာမို့ အလုပ်ကို (၁၀)ရက်တောင် ခွင့်ယူထားရပါတယ် လိုအပ်တဲ့ စာရွက်စာတမ်း မှတ်တမ်း ဓာတ်ပုံအားလုံးကို သေချာပြင်ဆင်ရတာမို့ ဒီရက်ပိုင်း စိတ်မောလူမောပါပဲ နှစ် ၃၀ကျော်တောင် စောင့်ခဲ့ရတာ ဒီနေ့က မားမားရဲ့ ဆန္ဒတွေ အကောင်အထည်ဖော်ရမယ့်နေ့ပါပဲ

မနက်စောစော မိုးတောင် ကောင်းကောင်း မလင်းခင် ရှောင်းကျန့်အိမ်ကနေထွက်ပြီး မားမား ဆီကိုထွက်လာခဲ့ပြီး

" မားမား ကျေနပ်တော့နော် မားမား ဖြစ်စေချင်တာတွေ အားလုံး ဒီနေ့ဖြစ်တော့မှာ ပြီးတော့ ကျန့်ကျန့် လျောက်ချင်တဲ့ ဘဝလမ်းကြောင်းကိုလည်း လွတ်လွတ်လပ်လပ် လျောက်ရတော့မှာမို့ မားမား တမလွန်မှာ စိတ်ချလက်ချ နားနေပါတော့နော် "

မားကိုနှုတ်ဆက်ပြီးတာနဲ့ မနက်အစောဆုံး Flight နဲ့ ရှန်ဟိုင်းကို ထွက်လာခဲ့ပါတယ်

ရှန်ဟိုင်းရောက်တာနဲ့ အရင်ဆုံး ဆံပင်ညှပ်ဆိုင် ကိုသွားလိုက်ပါတယ်

" ဆံပင်ကို တိုတိုလေးညှပ်ချင်လို့ပါ ယောက်ျားလေး ဆရာနဲ့ ညှပ်ပါမယ် ကံတုံးဆံတောက်လိုမျိုး ညှပ်ပေးပါ"

"အားလုံးက အံ့ဩပြီး ကြည့်နေကြတာမို့ "

"ကျွန်တော် ယောက်ျားလေးပါ ကိစ္စတစ်ခုကြောင့် ခုလို ပြင်ဆင်ထားလို့ မိန်းကလေးလို ဖြစ်နေတာပါ အခု ဘဝအမှန် ထုတ်ပြရမယ့်အချိန်မို့ပါ"

ရှောင်းကျန့်စကားအဆုံး အားလုံးက ပိုတောင်မျက်လုံးပြူးပြီး ဒီ ဆံပင်ရှည်ရှည် အရပ်မြင့်မြင့် ချောချောလေးက ယောက်ျားလေးတဲ့ မသိရင် လုံးဝမိန်းကလေးပဲလို့ တီးတိုးပြောသံတွေ ကြားလိုက်ပါတယ် လူတွေဆိုတာ အဲလိုပဲလေ သူများကိစ္စဆိုရင် သိပ်စိတ်ဝင်စား စပ်စုကြတာပဲ

ဆံပင်ညှပ်ပြီးတော့ ဆိုင်ကို ခွင့်တောင်းပြီး အဝတ်အစားတွေ တစ်ခါထဲလဲလိုက်ပါတယ် အဝတ်အစားလဲခန်းထဲက ထွက်လာတော့ အားလုံး

Whatever You AreWhere stories live. Discover now