Whatever You Are (31)

1.3K 75 0
                                    

ရှောင်းကျန့် နိုးလာတော့ ဘေးစောင်းအနေအထားနဲ့ပါ ရိပေါ်က အနောက်က သိုင်းဖက်ထားတာပါ ဆေးရုံကုတင် တစ်ယောက်အိပ်ကုတင်လေးဆိုပေမယ့် အိပ်ရတာ သက်တောင့်သက်သာ ရှိပါတယ် ချစ်ရတဲ့သူနဲ့အတူတူ အိပ်စက်ခွင့် နိုးထခွင့်ရှိနေရင် ဘယ်နေရာမဆို စိတ်ချမ်းမြေ့စရာအတိပါပဲ အရမ်းလွမ်းခဲ့ရတဲ့ ရင်ခွင်မို့ တစ်ညလုံးဖက်အိပ်ထားတောင် မဝသေးဘူး အိပ်ချင်နေသေးတုန်းပဲ ဒါပေမယ့်လည်း ရိပေါ် ပါးပါး မနက်အစောကြီးရောက်လာလို့ မြင်သွားရင် မကောင်းဘူးလေ ဒါကြောင့် အိပ်ရာထဲက ထဖို့ပြင်လိုက်ပါတယ် ဒါပေမယ့် နွေးထွေးတင်းကျပ်တဲ့ရင်ခွင်ကနေ   ရုန်းထမရအောင် ရိပေါ်က ဆွဲဖက်ထားတဲ့အပြင်

"အစောကြီး ဘာထလုပ်မလို့လဲ အချစ် အခုမှ မနက် ၅နာရီပဲ ရှိသေးတာကို"

"အာ မောင့်ပါးပါး စောစောလာလို့ မြင်သွားရင် မကောင်းဘူးလေ ဒါနဲ့မောင်က ဘယ်အချိန်ကတည်းနိုးနေတာလဲ"

"ကျွန်တော်က အချစ်ကို တမ်းတလာရတာကြာပီမို့ မှေးခနဲခဏပဲ အိပ်ပျော်တာ ပြန်နိုးလာကတည်းမအိပ်ဘဲ အချစ်ကိုကြည့်ပြီး တစ်ညလုံး စိတ်ကူးနဲ့ အကြိမ်ကြိမ်သိမ်းပိုက်နေတာလေ မခံစားမိဘူးလား ဒီမှာ"

ပြောရင်းဆိုရင်း ဘယ်အချိန်ထဲက ထကြွနေမှန်းမသိတဲ့ ရိပေါ်ညီလေးက ရှောင်းကျန့်ရဲ့ မက်မွန်သီးလေးကို လာလာပြီးတိုးခွေ့နေတာပါ ရှောင်းကျန့်ရိပေါ် ဘက်ကို အတင်းရအောင်လှည့်ပြီး

" မောင် အတင်းမတိုးနဲ့လေ အခုစောစောစီးစီးမှောင်ချင်နေပြီလား"

"စောစောစီးစီး မှောင်နေတာ မဟုတ်ပါဘူး ညကတည်းမှောင်နေတာ အချစ် ပင်ပန်းနေမှန်းသိလို့ စိတ်ကို ချုပ်ထိန်းပြီး မျက်စိအစာကျွေးရုံနဲ့ ထိန်းထားတာ အခုအချစ်က နိုးပြီဆိုတော့ ကျွန်တော်က အချစ်ကို ဘယ်လောက်ထိချစ်လဲသိရအောင် Pre-Morning အချစ်စမ်းလိုက်ကြစို့လေ"

"မိုးမလင်ခင်ကမှောင်နှင့်သည် ဆိုတာက မင်းမှမင်း အစစ်ပဲ ရိပေါ်"

"ဘာရိပေါ်လဲ မောင်လို့ ခေါ်ပါဆိုတာကို"

"မခေါ်ပါဘူး ငါက ချစ်စနိုးနဲ့မောင်လို့ခေါ်တာ မင်းက နာမည်စီးပြီး အမှောင်ကမ္ဘာထဲက ကို မထွက်နိုင်တော့ဘူး"

Whatever You AreWhere stories live. Discover now