Whatever You Are (9)

1K 95 3
                                    

ဒီလို နဲ့ ကျွန်တော်တို့ရဲ့ ချစ်သူသက်တမ်း (၂) နှစ်ပြည့်တောင်ကျော်လာခဲ့ပါပြီ ကျွန်တော်က ပေကျင်း တက္ကသိုလ် မှာ အနုပညာမေဂျာတက်နေတာ ဒုတိယနှစ်တောင် ပြီးပါပြီ အပျော်တမ်း Dancer အဖြစ်နဲ့ ကိုယ်ပိုင် Vlog ထောင်ထားပြီး Leo နာမည်နဲ့ ကကွက်တွေ တင်လေ့ရှိပါတယ် နာမည်ကျော်ကြားရင် မလွတ်လပ်မှာစိုးလို့ Mask တပ်ပြီးမှ ကကွက်တွေ တင်တာမို့ Leo နဲ့ ရိပေါ်က တစ်ယောက်တည်းဆိုတာ သိတဲ့သူက ဟောက်ရွှမ်းတို့အုပ်စုရယ် ရှောင်းကျန့်ရယ်ပဲ ရှိပါတယ် ဆိုင်ကယ်စီးက အရမ်းကြိုက်တာမို့ Professional Racer ဖြစ်အောင်ကြိုးစားပြီး Racing လောကမှာ TRACER 85 ဆိုတဲ့ နာမည်တစ်လုံးရတဲ့အထိ အောင်မြင်ခဲ့ပါတယ် ဆုတွေလည်း အများကြီးရထားတာသူမို့ Tracer 85 ဆိုရင် အကုန်လုံးက သည်းသည်းလုပ် အားပေးကြပါတယ် Fanတွေလည်း အများကြီးရှိပါတယ် နာမည်ကြီးပေမယ့် သူက အနုပညာရှင်တွေလို Paparazzi တွေ လိုက်တာမျိုးမရှိတော့ လွတ်လွတ်လပ်လပ်မို့ အများကြီး အဆင်ပြေပါတယ်

ကျွန်တော်နဲ့ ရှောင်းကျန့်လည်း အခြေအနေတွေ အများကြီးတိုးတက်မှုရှိပါတယ် တစ်ခါတစ်လေ သိပ်ထူးဆန်း တာမျိုးတွေ ရှောင်းကျန့်လုပ်တတ်ပေမယ့်လည်း သူလည်းကျွန်တော့်ကို သိပ်ချစ်သလို ကျွန်တော် လည်းသူ့ကို သိပ်ချစ်တာပါ ရန်တွေဘာတွေ ဖြစ်ကြရင်လည်း ၁၅မိနစ်တောင် မကျော်ပါဘူး အလိုလိုပြန်တည့်သွားတာပါပဲ

ဒုက္ခရောက်တာ တစ်ခုက ကျွန်တော့်မှာ သူ့ကို သဝန်တိုရတာ ယောက်ျားလေးတွေတင်နဲ့ မက မိန်းကလေးတွေနဲ့ပါ သဝန်တို စိတ်မချ ဖြစ်နေရတာပါ ဖြစ်ပုံက ဒီလိုပါ ချစ်သူသက်တမ်း နှစ်နှစ်ကျော် လောက် အကြာမှာ BJYX ကုမ္ပဏီက Design Team တစ်ခုလုံးကို ဂုဏ်ပြုတဲ့အနေနဲ့ ကမ်းခြေကို အပျော်ခရီးထွက်ဖို့ ဖြစ်လာတာပါ အသွားအပြန်တစ်ပတ်ကြာမှာပါ မိန်းကလေးတွေရော ယောက်ျား လေးတွေ အများကြီးပါ ပါတယ် ကုမ္ပဏီက ကမ်းခြေမှာ နှစ်ယောက်တစ်ခန်းထားပြီး သေချာကို စီစဉ်ပေးထားတာပါ အပြင်လူလိုက်လို့ မရပေမယ့် Training ဆင်းတာ ပြီးတာနဲ့  ရှောင်းကျန့်ကို အပြန်ကမ်းခြေမှာ သွားကြိုဖို့လုပ်ထားတာပါ အတူတည်းမဲ့လူက ရှောင်းကျန့်နဲ့ အရမ်းခင်တဲ့ ကျဲကျဲ ရွမ်းလု ဆိုတော့ ကိစ္စမရှိဘူးပေါ့ ရှောင်းကျန့်တို့ ခရီးထွက်သွားတဲ့ နေ့မှာပဲ ဟောက်ရွှမ်းက အိမ်ကို သတင်းဆိုးကြီး ကိုသယ်လာခဲ့ပါတယ်

Whatever You AreWhere stories live. Discover now