Whatever You Are - Zawgyi (18)

102 9 0
                                    

အရင်လို ချစ်ချစ်ခင်ခင် ပြန်ဖြစ်သွားတာ တစ်လလောက်ရှိပါပြီ ရိပေါ်လည်း ကိုယ့်စိတ်ကို ထိန်းသိမ်းပြီး အချစ်သဘောတူ သလောက်နဲ့တင် ကျေနပ်နေတာပါ ဒီလိုနေလာရင်းနဲ့ ဆိုင်ကယ်ပြိုင်ပွဲအတွက် ရိပေါ် ကိုးရီးယားမှာ (၆)လလောက် Camp ဝင်ရမယ့် အကြောင်းပေါ်လာပါတယ် ဒီCamp ဝင်ပြီး ပြိုင်ပွဲဝင်တဲ့အခါ World Class Championship မှာ ဝင်ပြိုင်ရမှာမို့ Racerတစ်ယောက်အတွက် တကယ့်အခွင့်အရေးပါ သွားရမလား မသွားရဘူးလား ရိပေါ် စိတ်ထဲ ဒွိဟ ဖြစ်နေတာမို့ ရှောင်းကျန့်နဲ့ မတိုင်ပင်ခင် သူငယ်ချင်းတွေနဲ့ အရင်တိုင်ပင် ကြည့်မိပါတယ်

"အာ....ငါ ကိုးရီးယားမှာ Camp ဝင်သင့် မဝင်သင့် မင်းတို့နဲ့ အရင်တိုင်ပင်တာ"

ရိပေါ်အမေးကြောင့် ဟောက်ရွှမ်းက

"ဟေ့ကောင် ဝင်သင့်မဝင်သင့် မေးရမှာမဟုတ်ဘူး ဝင်ကိုဝင်ရမှာ Racerအဖြစ် ရပ်တည်ဖို့ စဉ်းစားရင် သေချာပေါက် မင်း Camp ဝင်ရမှာ Camp မဝင်ချင်ရင် မင်းပါးပါးဆီ အလုပ်ဝင်"

"ဝင်သင့်မှန်း သိပေမေယ့် ရှောင်းကျန့်နဲ့ မခွဲချင်ဘူး သူ့ကို ထားခဲ့ရသလို ဖြစ်နေလို့ ခေါ်သွားလို့လည်း မရပြန်ဘူးလေ"

ရိပေါ် စကားကြောင့် ကျိရန်က ရီပြီး

" ရှောင်းကျန့်ဆိုမှ မင်း "အိုရချည်သေးရဲ့" Program မအောင်မြင်သေးဘူးမလား မင်းCampဝင်နေတုန်း ရှောင်းကျန့် အသစ်တွေ့နေရင် ဘယ်လိုလုပ်မတုန်း မင်းကို လက်ထပ်ထားတာတောင် ခွင့်မပြုသေးဘူးဆိုတော့ ကြည့်ရတာ သူ့အချစ်ဦးကို စောင့်နေတာဆိုရင် ဘယ်လိုလုပ်မလဲ အချစ်ဦးကို ပထမဆုံးအကြိမ်ပေးချင်လို့ ထိန်းသိမ်းထားတာ မဖြစ်နိုင်ဘူးလား မဟုတ်ရင် ဘာသဘောမတူစရာရှိလဲ လက်ထပ်ထားပြီးသားကို"

ကျိရန် စကားကြောင့် ဟောက်ရွှမ်းက

"ကျိရန် လျောက်မပြောနဲ့ ဟိုကောင် က နဂိုကတည်းက စိတ်က ယိုင်နဲ့နဲ့ရယ် မင်းကြောင့် ရောဂါတိုးသွားလိမ့်မယ်"

ရိပေါ် သူငယ်ချင်းတွေကို ဘာပြောရမှန်းတောင် မသိတော့ပါဘူး ကိုးရီးယားCamp ကိစ္စ စိတ်ညစ်ရတဲ့အထဲ ရှောင်းကျန့် ကိစ္စကြောင့်ပို ခေါင်းခဲသွားပါတယ် ရိပေါ်မျက်နှာပျက်နေမှန်းသိတော့ ဟွိုက်စန်းက

Whatever You AreWhere stories live. Discover now