Whatever You Are - Zawgyi (14)

99 10 0
                                    

ဒီနေ့က ရိပေါ်နဲ့ ရှောင်းကျန့်ရဲ့ မင်္ဂလာဦးညလေးပေါ့ ရှောင်းကျန့်ကတော့ မင်္ဂလာမဦးရဘူးလို့ ပြောထားပေမယ့် ရိပေါ်ကတော့ လက်မလျော့ပါဘူး တစ်နည်းနည်းနဲ့တော့ ရှောင်းကျန့်ကို စည်းရုံးသိမ်းသွင်းဖို့ ပြင်ဆင် ထားပါတယ် သူငယ်ချင်းတွေကို Bachelor night party ပေးခဲ့ပြီး မူးချင်ယောင်ဆောင်ပြီး ပြန်ရမယ် အရက်တွေနဲ့ ပလုတ်ကျင်းလိုက်ပါတယ် သူငယ်ချင်းတွေတိုက်ပေမယ့် မသောက်ပါဘူး တကယ်မူးသွားလို့ မင်္ဂလာဦးရမည့် အကြံအစည်တွေ ပျက်မှာစိုးလို့ပါ ကိုယ်ခန္ဓာကနေ အရက်နံ့ တထောင်းထောင်း ထွက်နေပြီဆိုတာ သူငယ်ချင်းတွေက Confirm ခိုင်းပြီး သေချာတော့မှာ ရိပေါ် အိမ်ပြန်လာခဲ့ပါတယ် လမ်းတဝက်ရောက်မှ ကိုယ့်ကို ကားမောင်းလာတာ သတိရပြီး ယွီပင်းနဲ့ ဟွိုက်စန်းကို လှမ်းခေါ်ပြီး ရိပေါ်မူးလာလို့ ပြန်လာပို့တဲ့ ပုံစံမျိုး ဖြစ်အောင် သူတို့ပါ လှမ်းခေါ်ရသေးတယ် သူတို့လာတောင်စောင့်လိုက်ရတာမို့ အိမ်နားရောက်ခါနီးတော့ ည ၉နာရီတောင် ထိုးတော့မယ် ရိပေါ်မူပိုင်အပြုံးကြီး ပြုံးလိုက်ပါတယ် အချိန်ကိုက်ပဲ သူငယ်ချင်းတွေကိုလည်း သေချာသရုပ်ဆောင်ဖို့ မှာရသေးတယ် အိမ်ရှေ့ရောက်တာနဲ့

"အချစ်ရေ ကျွန်တော် ပြန်လာပြီ အချစ်ရေ ကျွန်တော့ အချစ်ရေ" လို့

အော်ခေါ်လိုက်ပါတယ် မကြာပါဘူး ရှောင်းကျန့်က ချက်ချင်း အပြေးရောက်လာပါတယ် ယွီပင်းက အားနာတဲ့ ပုံစံနဲ့

"အာ... လူပျိုည အထိမ်းအမှတ်ဆိုပြီး တစ်ယောက်တစ်ခါ ဝိုင်းပြီးဂုဏ်ပြုလိုက်တာ နည်းနည်းများသွားလို့ ပြန်လာပို့တာ ကျွန်တော်တို့ ကားထားခဲ့လို့ ကားပြန်ယူသွားလိုက်ဦးမယ် နောက်ရက်မှ ပြန်လာပို့မယ်နော် ကျန့်ကျန့်"

ဟွိုက်စန်းကလည်း

"ဟီး...ဟီး ကျန့်ကျန့် စိတ်မဆိုးပါနဲ့နော် သူက ကျွန်တော်တို့အဖွဲ့ထဲမှာ အရင်ဆုံး ဈေးဦးပေါက်သွားတာမို့ သေသေချာချာ ဂုဏ်ပြုလိုက်လို့ပါ ...ဟဲ...ဟဲ"

"ရတယ် ဘာမှ မဖြစ်ဘူး သူမမူးလာမှ ပိုတောင်ကြောက်ရမှာ အခုတော့ မူးနေပြီဆိုတော့ အဆင်ပြေသွားတာပေါ့ လိုက်ပို့တာ ကျေးဇူးနော်"

Whatever You AreWhere stories live. Discover now