Whatever You Are - Zawgyi (8)

112 10 0
                                    

ဒီနေ့က ပြိုင်ပွဲနေ့မို့ အားလုံးက တက်တက်ကြွကြွနဲ့ ပျော်ရွှင် Confident level So High နေကြတာပေါ့ ညနေပိုင်းကတည်း အိမ်မှာ တစ်ခါတည်း ဝတ်စုံပြည့် မိတ်ကပ်အပြည့်နဲ့ ပြင်ဆင်ပြီးမှသွားကြတာ ဒါမှ ဘယ်သူမှ မရိပ်မိအောင်လို့ပါ ရှောင်းကျန့်က ဒီနေ့မှာ အနီရောင် ၀မ်းဆက်လေးနဲ့ အရမ်းလှနေတာပါ ပွဲကြည့်စင်ကနေ ထိုင်ကြည့်ပါဆိုတာ မရဘူး အနောက်ကနေပဲကြည့်ချင်တာ လိုအပ်တာရှိနေမှာစိုးလို့ တူတူပဲ ပြင်ဆင်ခန်းမှာ စောင့်ပေးပါတယ် ရိပေါ်က ရှောင်းကျန့်ကို

"အားမွေးထားနော် " လို့ လှမ်းစပါလိုက်ပါတယ်

"ဘာကိစ္စနဲ့ အားမွေးရမှာတုန်း"

"ကျွန်တော်က အဖြေရတာ အတိုးချ နမ်းမှာမို့ ခပ်ကြမ်းကြမ်း ချစ်ပစ်မှာမို့လေ"

"မင်းသာ အားမွေးထား မင်းတို့ကြမ်းတာလောက်တော့ ငါ က ပျင်းတောင်ပျင်းသေး လာလာချည်သေး"

"ပြီးမှ ကြောက်ပါပြီ ရိပေါ်ရယ် မလုပ်နဲ့နော် ရိပေါ် အရှုံးပေးပါတယ် လို့ ပြောရမှာ မြင်ယောင်သေး"

"ကဲ နှာဗူးကျမနေနဲ့ ကကွက်တွေ ပြန်စဉ်းစား အကြမ်းဖျင်း ပြန်တိုက် နောက် ၁၅မိနစ်လောက်ဆို ငါတို့ အလှည့်ရောက်တော့မှာ သေချာလုပ် တခြားအဖွဲ့တွေလည်း တော်တော်ကောင်းပုံရတယ် အားပေးသံ လက်ခုပ်သံတွေ ကျေနပ်သဘော ကျပြီး အားပေးနေတဲ့အသံတွေ အတိုင်းသားကြားနေရတယ်"

"စိတ်ချ အကောင်းဆုံး ဖျော်ဖြေခဲ့မယ် ကျွန်တော်တို့အလှည့် ရောက်တော့မှာမို့ အရှေ့က ပွဲကြည့်စင်ကနေ သေချာ အားပေးဖို့ သွားလိုက်တော့နော် အက ရှင်းလင်းချက်ကို သေချာနားထောင်ပေးနော်"

"ပြီးရော...Fighting နော် သွားတော့မယ်နော် I Know You Can Do it"

ဆိုပြီး ရိပေါ်တို့ တစ်ဖွဲ့လုံးကို နှုတ်ဆက်ပြီး ထထွက်လိုက်ပါတယ် ပွဲကြည့်စင်ဘက်က နေရာမှာ ပြန်လာထိုင်တဲ့အချိန် ရိပေါ်တို့ ရှေ့အဖွဲ့ ကမဲ့အလှည့်မို့ သေချာကြည့်ပြီး နှစ်ဖွဲ့ကို ယှဉ်ကြည့်လိုက်ပါတယ် သူတို့အဖွဲ့လည်း တော်တော်ကို ကကွက်ဖန်တီးတာ အရမ်းကောင်းပါတယ် အီဂျစ်ဒီဇိုင်း သီချင်း ဖန်တီးမှု အားလုံးကောင်းပါတယ် ဒါပေမယ့် ရိပေါ်တို့လို Surpriseတော့ မပါဘူးပေါ့ ကကွက်အပြီး Dancer တွေမိတ်ဆက်ပြီး အကဖန်တီးမှုအကြောင်း မိတ်ဆက်တော့ အမြင်ဆန်းသစ်အောင် ဘယ်သူနဲ့ မတူအောင် ဒီ အီဂျစ်ဒီဇိုင်းနဲ့ themeကို ရွေးချယ်ရတဲ့အကြောင်း Culture အမျိုးမျိုးနဲ့ Street Dance နဲ့ပေါင်းစပ်လို့ ရတာပြသချင်လို့ ဆိုပြီး ပြောသွားတဲ့အပေါ် အမှတ်ပေးဒိုင်တွေလည်း သဘောကျ နေကြပါတယ် ရိပေါ်ကတော့ ဘယ်လိုဖြေမလဲ စောင့်ကြည့်ရမှာပဲ

Whatever You AreWhere stories live. Discover now