Whatever You Are - Zawgyi (26)

128 10 0
                                    

Yizhan Gallery ကို တွေ့ပြီးနောက်ပိုင်းရိပေါ် ဘဝလေးက ပိုပြီးနေသာထိုင်သာရှိသွားတယ် ကိုယ့် အချစ်ဇာတ်ကြောင်းကို နေ့တိုင်းသွားသွားကြည့်ပြီး ကျေနပ်နေရတာရယ် စိတ်ကူးကောင်းလွန်းတဲ့ ချစ်ရသူ ရှောင်းကျန့်ကို အလွမ်းဖြေလို့ရတာကြောင့်ရယ် ပြန်လာမယ်ဆိုတာကို ချစ်နေသေးတာရယ်ဆိုတာကို အပြည့်အဝ ယုံကြည်ထားတော့ ပြန်လာရင် ပြန်ပေါင်းထုပ်ဖို့ စိတ်ကူးတွေရယ်ကြောင့် နေသားကျလာပါတယ် လွမ်းတယ်ဆိုပေမယ့် အလွမ်းဖြေစရာ အများကြီးပိုင်ဆိုင်ထားတာမို့ပါ အရင်က အတူနေဖို့ဖူးတဲ့အခန်းလေးကို ရိပေါ် သေချာ ပြန်ပြင်ဆင်ထားတာ နှစ်ယောက်အတူ ပြန်နေတဲ့အခါ အဆင်သင့်ဖြစ်အောင် နေ့လည်အားရင် Yizhan Galleryထဲသွားပြီး အလွမ်းဖြေ နှစ်ယေောက်အတူတူရှိရင် အိမ်ထောင်ဦးစီးနေရာနဲ့ထိုက်တန်အောင် အလုပ်များများလုပ် Training သေချာဆင်းပြီး ကြိုးစားထားတာ အခုဆိုရင် ရိပေါ်က Entertainment ကုမ္ပဏီတစ်ခုရဲ့ CEO ဖြစ်သလို Champion ဆုတွေအများကြီးရထားတဲ့ နာမည်ကြီး Racerတစ်ယောက် ဖြစ်နေပါပြီ

ဒီကြားထဲ အစတုန်းက ရှောင်းကျန့်ကို တောက်လျှောက် ရှာနေခဲ့တာပါ သူပြန်မလာလည်း ကိုယ်လိုက်သွားမယ်ဆိုတဲ့စိတ်နဲ့ပေါ့ ဒါပေမယ့် တရုတ်ကနေ ဩစတြေးလျ(ပါ့သ်)ကို ထွက်သွားတဲ့ Information ကလွှဲရင် ဘာမှ ထပ်မသိရပါဘူး ရိပေါ်အားတဲ့အချိန် ဩစတြေးလျ ထိသွားရှာခဲ့ပေမယ့် လည်း မတွေ့ခဲ့ပါဘူး ရုပ်ရှင်တွေထဲကို မတော်တဆလေးများ ပြန်ဆုံနိုင်မလားဆိုပြီး ဩစတြေးလျ ပါ့သ်ရဲ့ အထင်ကရနေရာတွေမှာ တနေကုန်သွားထိုင် စောင့်လည်း တစ်ခါမှ မတွေ့ပါဘူး နောက်ဆုံးဖူးစာမှန်ရင် ပြန်ဆုံမှာဆိုတဲ့ စိတ်ကို အားတင်းပြီး ဒီအိမ်လေးက နေ ရှောင်းကျန့်ကို ထိုင်စောင့်နေရုံ သူ့အတွက် မျက်နှာမငယ်အောင် ထားမယ်ဆိုတဲ့စိတ်နဲ့ အလုပ်တွေကြိုးစားပြီး စောင့်နေရုံကလွှဲရင် ရိပေါ် တတ်နိုင်တာ ဘာမှ မရှိပါဘူး အားရင် မားမား အုတ်ဂူလေးဆီသွား တိုင်တည်ငို ပါးပါးဆီသွား ရှောင်းကျန့်ကို ရှာပေးဖို့ ဂဂျီဂဂျောင်ကျ နဲ့ အသားကျလာတာ ခုဆိုရင် " အချစ်ကို တစ်ဖက်သပ် တမ်းတမက်မောဖြေသိမ့်ခြင်း အမှတ်စဉ် -၁၀၈" တောင် ရောက်နေပြီး Road to Yizhan Rendezvoused ဆိုတဲ့ Audio ဖိုင်လေးက အမှတ်စဉ် 230 တောင် ရောက်နေပြီ ဒါပေမယ့် မျှော်လင့်ချက်တွေက ခုထိ အရင်လို အားကောင်းနေတုန်းပဲ ရှောင်းကျန့်ထွက်သွားတဲ့နေ့က ရေတွက်လိုက်ရင် (၁၁)လကျော်ပြီ



Whatever You AreWhere stories live. Discover now