Whatever You Are - Zawgyi (33) Final

439 14 1
                                    

" စိတ်ချ အချစ် Promise လာ အမှားပြင်ဖို့ အခန်းထဲသွားကြစို့"

ရိပေါ် ရှောင်းကျန့် လက်ကိုစွဲလို့ Yizhan Gallery လုပ်ထားတဲ့ အခန်းရှေ့ကို ခေါ်ခဲ့လိုက်ပါတယ်

"ဒီအခန်းလည်း မင်းတွေ့သွားတယ် ဆိုပါတော့"

"ဟုတ်တယ် အချစ် တံခါးကို Passcode လေးနဲ့ ဖွင့်ကြည့်ပါဦး"

"မင်းလေသံကို နားထောင်ရတာ ငါရဲ့ Passcodeနဲ့ ရမှာမဟုတ်တော့ဘူး သေချာတယ် ငါ့ကို ပင်ပန်းအောင် မလုပ်နဲ့ Passcode တစ်ခါတည်းပြော"

" Zhan Ge Di Di Ai Ni"

ရှောင်းကျန့် လျှာထုတ်ပြလိုက်ပါတယ်

"အချစ်လို ကျွန်တော်လည်း ပေးထားတာလေ ဒီအခန်းထဲ နေ့တိုင်းဝင်ဖြစ်တယ် ဝင်တိုင်းလည်း Zhan Ge Di Di Ai Ni လို့ တီးတိုးရေရွတ်ပြီးမှ Passcodeနှိပ်တာ အခုလည်း ထပ်ပြောရင်းနဲ့ နှိပ်လိုက်မယ် Zhan Ge Di Di Ai Ni"

ရှောင်းကျန့်ကျေနပ်မိပါတယ် ဒီGalleryလေးကို လုပ်ဖြစ်ခဲ့တာ မားမားက Choreographerသမားမို့ အဲလိုလုပ်တတ်တဲ့ အကျင့်လေးတွေကို ရှောင်းကျန့်အမွေရထားတာ ခုလိုတကူးတက သေချာပြင်ဆင်ထားတဲ့ အချစ်ပြတိုက်လေးကို ချစ်ရတဲ့သူကလည်း သေချာမြင်ပြီးပြီမို့ ဘဝက နောက်ထပ် လိုချင်တာမရှိတော့ပါဘူး ရိပေါ်က လက်ဆွဲပြီး နောက်ဆုံးလျှို့ဝှက် အခန်းလေးထိ ခေါ်လာတာပါ ရှောင်းကျန့်ကို ကုတင်ပေါ်ထိုင်ခိုင်း လိုက်ပါတယ် ကုတင်ပေါ်ထိုင်လိုက်တာနဲ့ ခြင်ထောင်မိုးနေရာလေးက ရိပေါ်ပုံလေးကို မျက်လုံးဝင့်ပြီး ကြည့်လိုက်တာ မရှိတော့ပါဘူး

"ရိပေါ် မင်းငါ့ပန်းချီ ဘယ်နားသွားထားလိုက်ပြီလဲ"

"ကပ်ကြီးနဲ့ ညှပ်ပစ်လိုက်ပြီ အချစ်"

"မင်း ငါကိုယ်တိုင် တစ်ပတ်တိတိ သေချာဆွဲထားတဲ့ ပုံတူပန်းချီကိုလုပ်ရက်တယ်"

"လုပ်မှာပဲ ဒီမှာ အချစ်ရှေ့မှာ ကျွန်တော် တစ်ယောက်လုံးရှိတယ် ပန်းချီဆွဲစရာမလိုဘူး အချိန်မရွေး အချစ်အတွက် ပြပေးနိုင်ပါတယ်"

"ကဲ ပြော မင်းပြင်ချင်တဲ့အမှားက ဘာလဲပြော မြန်မြန်ပြင်ကြစို့ "

"အာ.... ကျွန်တော် ပြင်ချင်တဲ့အမှားက အချစ်ကို ကော်ဖီထဲ အိပ်ဆေးထည့်တိုက်လိုက်တဲ့ညက ထူပူပြီး ဘာမှမလုပ်ဘဲဒီအတိုင်းထားခဲ့မိတာ တကယ်က အဲဒီညကတည်းက တခုခုလုပ်ခဲ့ရာမှာ "

Whatever You AreWhere stories live. Discover now