Whatever You Are (3)

2K 166 1
                                    


25 years Later..... / နောင် နှစ်ပေါင်း ၂၅နှစ် ကြာသောအခါ......

ကျွန်တော့် နာမည် ၀မ်ရိပေါ်ပါ အသက်က (၁၉)နှစ် ရှိပါပြီ အထက်တန်းနောက်ဆုံးနှစ်တက်နေတာပါ ရိပေါ်တို့ က ကျောင်းရဲ့ လက်ရွေးစင် အက သမားတွေပါ ကျောင်းပေါင်းစုံ အက ပြိုင်ပွဲမှာ ရိပေါ်တို့ကျောင်းက အနိုင်ရတာ ၂နှစ်ဆက်တိုက်ရှိပါပြီ ဒီနှစ်လည်း ဇကာတင်စာရင်းထဲ ရွေးချယ်ခံရပြီးပြီမို့  ဒီတစ်နှစ်ပါ ဆက်ပြီးအနိုင်ရမယ်ဆိုရင် ဒိုင်းဆုကြီးကို အပိုင်ရတော့မှာမို့ ဒီတစ်နှစ်ကို ပိုပြီးဆန်းသစ်တဲ့ ကကွက်တွေ တီထွင်ဖန်တီးဖို့ နာမည်ကြီး Choreographer အကဆရာမ အိမ်ကို  ရိပေါ်ရယ်၊ ၀မ်ဟောက်ရွှမ်းရယ်၊ ယွီပင်းရယ်၊ စုန့်ကျိရန်ရယ်၊ နျဲ့ဟိုက်စန်းရယ် ရောက်နေကြတာပါ

ဆရာမရဲ့ အက နာမည် Triple ဆိုတာရယ် ကကွတ်တီထွင် ဖန်တီးမှုတွေ အရမ်းတော်တာကလွဲရင် ဆရာမအကြောင်း ဘယ်သူမှ ကောင်းကောင်းမသိကြပါဘူး ဆရာမက အက ပေါ်ထားတဲ့ မာနအရမ်းကြီးတယ် လူတိုင်းကို မသင်ပေးဘူး မသင်ပေးခင် အင်တာဗျူးပြီး ခံယူချက်တွေမှန်ကန်မှ သူသဘောကျမှ သင်ပေးတာ ရိပေါ်တို့တောင် အကဆရာမရဲ့  မေးခွန်းတွေကြားမှာ ဗျာများခဲ့ရသေးတယ် ဆရာမက စိတ်ထဲရှိတဲ့အတိုင်း သိချင်တာမို့  စိတ်ထဲက ခံစားချက် အစစ်အမှန်ကိုသာပြောပါ ဆိုလို့ ပြောချင်တာပြောပြီး မသင်ပေးရင် တော့ ဒုက္ခပဲလို့ တွေးပူခဲ့ရတာ ကြည့်ရတာ ရိပေါ်တို့နဲ့ ဆရာမက ကံစပ်တယ်ပြောရမယ် ဒါကြောင့် ရိပေါ်တို့ ခုဆရာမ ဆီရောက်နေတာ

ခြံ၀န်းအပြင်ကနေကြည့်လိုက်တာနဲ့ အကဆရာမရဲ့ အိမ်ခြံ၀န်းအကျယ်ကြီးထဲမှာ ချစ်စရာ နှစ်ထပ်တိုက်လေးရယ် ဘေးမှာသေချာပြင်ဆင်ပြီး ဆောက်ထားတဲ့ အကလေ့ကျင့်တဲ့ ခန်းမကျယ်ကြီးရယ် သစ်ပင်ပန်းမံတွေ နဲ့ လှပနေတာ ပထမဆုံးရောက်တဲ့ ရိပေါ်တို့ သူငယ်ချင်းတစ်သိုက်အတွက် အေးချမ်းတဲ့ ရပ်၀န်းထဲမှာ ဝါသနာပါတဲ့ အကကို သေချာလေ့ကျင့်လို့ရပြီ ဆရာမအိမ်က မြို့ပြင်ဘက်ကို ရောက်တာကလွဲရင် အားလုံး အဆင်ပြေတယ် စိတ်လွတ်ကိုယ်လွတ်က လို့ရတယ်

ခြံ၀န်းအပြင်ကနေ လှမ်းကြည့်လိုက်ပြီး ခြံတံခါးမှာတပ်ထားတဲ့ Bell ခလုတ်ကိုနှိပ်လိုက်တယ် မကြာပါဘူး ခလုတ်အပေါ်က Screen ပေါ်မှာ ဆရာမရဲ့ အပြုံးမျက်နှာလေးပေါ်လာတယ်

Whatever You AreOù les histoires vivent. Découvrez maintenant