Whatever You Are - Zawgyi (15)

98 7 0
                                    

ဒီနေ့ ဆိုရင် ရှောင်းကျန့်နဲ့ လက်ထပ်ထားတာ ၄လကျော်ခဲ့ပါပြီ တကယ်တမ်းအတူနေလာတဲ့အခါမှာ အခန့်မသင့် တာမျိုးလေးတွေ ကတောက်ကဆဖြစ်တာမျိုးလေးတွေ ရှိလာခဲ့ပါတယ် ချစ်သူရည်းစားဘဝတုန်းက သိပ်မမြင်တွေ့ခဲ့ရတဲ့ အပြုအမူလေးတွေကို နှစ်ဖက်စလုံးမှာ တွေ့လာရလာမျိုးပါ

ကြီးကြီးမားမား မဟုတ်ပေမယ့်လည်း အသေးအဖွဲလေးတွေအတွက် စိတ်ဆိုးတာ စိတ်ကောက်တာ ရန်ဖြစ်တတ်တာမျိုးတွေ ရှိခဲ့ပေမယ့် ကျွန်တော်တို့ ရန်ဖြစ်စိတ်ကောက်တာ နေ့မကူးပါဘူး အလိုလိုနေရင်း ပြန်ပြန်ပြီး တည့်သွားတာပဲ တစ်ခါတစ်လေ ကိုယ်ချော့ တစ်ခါတစ်လေ သူချော့နဲ့  ရန်ဖြစ်ရင်းနဲ့ ပြန်ချစ်လိုက် ပြန်ချစ်ရင်း နဲ့ ရန်ဖြစ်လိုက် နဲ့ အိမ်ထောင်သည် ဘဝက ပျော်စရာလေးပါ ရိပေါ်အတွက် ရှောင်းကျန့်နဲ့ အပြည့်အဝ ချစ်ကြည်နူးခွင့် မရသေးတာကလွဲရင် အားလုံးအဆင်ပြေပါတယ်

ဖြစ်တတ်တဲ့ ပြဿနာလေးတွေကတော့ ည ညဆိုရင် ရှောင်းကျန့်က ညနာရီ ၂နာရီ ၃နာရီ ဝန်းကျင်လောက်ဆိုရင် တရေးနိုးတတ်တာပါ တရေးနိုးတတ်တာ အကြောင်းမဟုတ်ပေမယ့် တရေးနိုးလာရင်

"ရိပေါ် ....ရိပေါ်.... ရိပေါ် ရေ"

ဆိုပြီး ရိပေါ်ကို လာနှိုးတတ်ပါတယ်  အစက ရိပေါ် က ဘာများလဲဆိုပြီး အလန့်တကြားနဲ့ ထကြည့်ပေါ့

"အချစ် ဘာဖြစ်လို့ ဘာလုပ်ပေးရမလဲ "

ရိပေါ်ဆီက ပြန်ထူးသံ ကြားရင်

"ဘယ်နှစ်နာရီရှိပြီလဲဟင် နာရီက အဝေးမှာဆိုတော့ ကောင်းကောင်းမမြင်ရလို့  ဖုန်းကလည်း ဘယ်နားမှာလဲ ရောက်နေလဲမသိဘူး လိုက်စမ်းတာ မရလို့"

သူကသာ အိပ်ချင်မူးတူးနဲ့ မျက်လုံးမဖွင့်တာ ရိပေါ်မှာ နာရီ ထကြည့်ပေးရပါတယ်

"၃း ၄၅ ရှိပြီ အချစ် "

"ဪ အင်းအင်း မိုးမလင်းသေးဘူး ကောင်းကောင်းအိပ်လို့ရသေးတယ်"

အဲဒီလို ပြောပြီး ရှောင်းကျန့်က အေးအေးဆေးဆေး ပြန်အိပ်သွားတတ်ပါတယ် ရိပေါ်သာ အအိပ်ဆတ် တတ်သူဆိုတော့ နိုးလွယ်ပေမယ့် ပြန်အိပ်ရခက်တာမို့ ချက်ချင်းအိပ်မပျော်တာမို့  အိပ်ရေးမဝတာ ဖြစ်ရော တစ်ခါတစ်လေ ရတဲ့အခွင့်အရေးလေး အသုံးချမယ်လို့ စိတ်ကူးပြီး

Whatever You AreHikayelerin yaşadığı yer. Şimdi keşfedin