Whatever You Are - Zawgyi (29)

143 11 0
                                    

ကံကြမ္မာကလည်း ထူးဆန်းစွာ တစ်ပတ်လည်ပါတယ် အရင်လည်း ရှောင်းကျန့်ကြောင့် ရိပေါ် သတိလစ်ပြီး ဆေးရုံရောက်တုန်းက အချစ် Levelတက်ခဲ့တာ အခုလည်း ရိပေါ်က ရှောင်းကျန့်ကြောင့် ဆေးရုံရောက်နေပြီ နှစ်ယောက်တည်းလည်း ဖြစ်နေပြီ ကျန့်ကောကလည်း ရိပေါ်ရဲ့အချစ်ကို ပြန်လက်ခံထားပြီးပြီမို့ ရိပေါ် အရမ်း ရင်တွေခုန်နေပါပြီ ဒါကြောင့် အခန်းထဲက ဆိုဖာပေါ်ထိုင်ပြီး မဂ္ဂဇင်းကြည့်နေတဲ့ ရှောင်းကျန့်ကို

"ကျန့်ကော.....ကျန့်ကော လို့"

"ဘာလဲ ရိပေါ် ဘာလိုလို့လဲ ငါဘာယူပေးရမလဲ"

"ကျန့်ကော...."

နာမည်လေးကို ထပ်ခေါ်ပြီး ရိပေါ် သူ့ အိပ်ယာဘေးက နေရာလေးကို ဘုတ်..ဘုတ်...ဆိုပြီး ပုတ်ပြလိုက်ပါတယ် ရှောင်းကျန့်က မင်းအကြောင်းငါမသိရင်ခက်မယ် ဆိုတဲ့မျက်စောင်းမျိုးထိုးလိုက်ပေမယ့်ကြည့်နေတဲ့ စာအုပ်လေး စားပွဲပေါ်တင်ပြီး လူနာကုတင်ပေါ်က ရိပေါ်ဘေးနေရာမှာ လာတက်ထိုင်လိုက်ပါတယ်

"ကျန့်ကော လက်ကလေးကိုင်မယ်နော်"

"အင်း ...."

ရိပေါ် ရှောင်းကျန့်ရဲ့ ညာလက်လေးလက်ကိုင်တဲ့အချိန် ညာလက်လက်သူကြွယ်မှာ ရိပေါ်တို့ လက်ထပ် လက်မှတ်ထိုးတုန်းက လက်စွပ်လေး စွပ်ထားတာမို့ အံ့အားသင့်ပြီး ဘယ်လက်ကိုလည်း ဆွဲကိုင်ကြည့် လိုက်တဲ့အခါ ဘယ်လက်ရဲ့လက်သူကြွယ်မှာလည်း တစ်ပုံစံတည်းတူတဲ့ လက်စွပ်ကို တွေ့လိုက်ရတဲ့အခါ

"ကျန့်ကော ဒါ ကျွန်တော်တို့ လက်ထပ်လက်စွပ်လေးတွေမလား"

"အင်း ဘယ်လက်က မင်းလက်စွပ်လေ မင်း လက်ကကြီးတော့ ငါလက်နဲ့ လက်စွပ်က မတော်ဘူး ဒါကြောင့် အောက်မှာ Ring Adjuster နဲ့ ပတ်ပြီး စွပ်ထားတာ ဒီမှာကြည့်"

"အင်း ဘယ်လက်က မင်းလက်စွပ်လေ မင်း လက်ကကြီးတော့ ငါလက်နဲ့ လက်စွပ်က မတော်ဘူး ဒါကြောင့် အောက်မှာ Ring Adjuster နဲ့ ပတ်ပြီး စွပ်ထားတာ ဒီမှာကြည့်"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Whatever You AreWhere stories live. Discover now