0

7.3K 374 8
                                    

Unicode

အတန်းဆရာမှဆင်းလို့ရပြီလို့ပြောတာနဲ့အတူကျောင်းခေါင်းလောင်းထိုးသံဟာလည်းတပြိုင်နက်တချိန်တည်းတွင်ထွက်ပေါ်လာသည်။

တချို့ကျောင်းသားတွေကတော့စာအုပ်တွေကိုအလျင်အမြန်ကောက်သိမ်းကာဖြင့် မာရသွန်အပြေးပြိုင်ပွဲလိုသဘောထား၍စက်ဘီးတွေဆီသို့
ပြေးသွားကုန်ကြသည်။

"ဟေ့ကောင်ထယ်ယောင်း...ပြန်မယ်လေကွာ"

"ငါနေအုံးမယ်"

"ဇွဲကမလျော့သေးဘူးလား"

ဘာမှ‌ပြန်မပြောတော့ဘဲခေါင်းသာညိမ့်ပြလိုက်တော့သည်။

ဒီကောင်ကြီးနဲ့လည်းစက်ဘီးပိုင်ရှင်ကိုည‌ေနဆိုစောင့်စောင့်နေရတာအမော။
ကြာတော့လည်းသနားလာလေပြီ။
အဲ့စက်ဘီးနဲ့အတိတ်ဘဝကဘာတွေရှိခဲ့လို့လည်းမသိ။

"ဒါဆိုငါသွားပြီ"

ပုခုံးကိုပုတ်ပြီးသာထွက်ခဲ့လိုက်တော့သည်။



မိနစ်တွေ၊စက္ကန့်တွေတရွေ့ရွေ့နဲ့ကုန်သွားတာကိုကြည့်လိုက်။
ရောက်မလာသေးတဲ့စက်ဘီးပိုင်ရှင်လေးကိုငေးကြည့်လိုက်။

နောက်ဆုံးညနေတာစောင်းသွားသည်။
ထိုပိုင်ရှင်အားပေါ်မလာသေး။

ဒါတော့တကယ်လွန်တယ်။အချိန်ပြည့်စောင့်နေတာတောင်ဘာလို့ဘာတွေလုပ်နေလို့ပေါ်မလာရတာလည်း။

စိတ်ပေါက်ပေါက်နဲ့လွယ်အိတ်လွယ်ကာအိမ်ပြန်ခဲ့လိုက်သည်။

ပါးစပ်ဖျားကနာမ်စားတစ်ခုကိုရွတ်ရင်း

/အမည်မသိကအမြင်ကတ်ဖို့ကောင်းတယ်/

အတန်းထဲမှာသူတစ်ယောက်တည်းရှိနေခဲ့တယ်လို့ထင်ခဲ့မိရင် အဖြေကမှားသွားနိုင်လား.....?


ဒိုင်ယာရီစာအုပ်လေးကိုအံဆွဲထဲမှထုတ်လိုက်သည်။
ဦးစွာအနေနဲ့ (အမည်မသိ)ဆိုတဲ့နာမ်စားလေးကကြိုဆိုသည်။

စာမျက်နှာတိုင်းမှာလက်ရေးကိုခပ်သော့‌သော့ရေးထားပြီး မညီညာစွာတည်ရှိနေလျက်။

~ဒီနေ့လည်းအမည်မသိကပေါ်မလာခဲ့ဘူး~

တကယ်ကိုစိတ်ရှုပ်စေခဲ့တဲ့ အမည်မသိ။
ငါ့ကိုတကယ်ဘဲဘာဖြစ်စေချင်နေတာလည်း။

//No Name// [ Completed ]Where stories live. Discover now