5

1.9K 225 2
                                    

Unicode

ဒီနေ့ကကျောင်းပိတ်ရက်ဆိုတော့လုပ်စရာအထွေထူးမရှိပေ။ အိပ်ချိန်ကလည်းအကြာမှအကြာကြီးဆိုတော့
လူကလန်းဆန်းပြီးတက်ကြွလို့နေသည်။
မနက်တိုင်း၏ထုံးစံအတိုင်း လုပ်စရာရှိသောကိစ္စအဝဝတို့ကိုလုပ်ကာ

ပြတင်းပေါက်လေးကိုနေဖြာဖြာလေးထွက်အောင်ဖွင့်ပြီး အိမ်ရှေ့ဘက်တွင်စိုက်ထားသော အပင်ငယ်တို့ကို
တစိမ့်စိမ့်နဲ့ကြည့်နေမိပါသည်။
အရင်ကပန်းပင်တွေဆိုနည်းနည်းမျှစိတ်မဝင်စားတတ်ပါသော ကျွန်တော်ကအခုကျပန်းတို့၏အဓိပ္ပာယ်တစ်ခုချင်းစီကို
လိုက်သိချင်နေသည်။

မနေ့ညနေကအကြောင်း( White Cosmos )ဆိုတဲ့ပန်းအဓိပ္ပာယ်ကို ညအိပ်ယာဝင်သည်အထိ မေ့ပျောက်လို့မရခဲ့ပေ။
ခုပြန်တွေးရင်လည်းရှက်စိတ်တို့ကဝင်လာပြန်ရော။

ပန်းဆိုတာကိုယ်ပေးချင်တဲ့လူကိုပန်းအဓိပ္ပာယ်သိမှပေးလို့ကောင်းတာ။
မဟုတ်ရင် မနေ့ကလိုရှက်ဖွယ်ရာအတိဖြစ်နေမှာ။

// အမည်မသိရောအဲ့ဒီပန်းကို ကြိုက်ရဲ့လား//

တော် တော် သူ ကြိုက်ကြိုက်မကြိုက်ကြိုက်စိတ်ပူပေးနေရမှာမင်းအလုပ်မဟုတ်ဘူးထယ်ယောင်း။

သူ့အကြောင်းမတွေးဘဲနေကြ‌ရအောင်။
သူ သိသိမသိသိ ကြိုက်ကြိုက်မကြိုက်ကြိုက် မင်းအပူလုံးဝမပါဘူး။
ကိုယ့်ကိုကိုယ်လိပ်ပြာလုံစမ်းပါ။

အတွေးတို့မပျံ့စေအောင် ဖုန်းယူပြီးဂိမ်းဆော့နေလိုက်သည်။ဂိမ်းဆော့ရင်းကျမှအနည်းငယ်နေသာနိုင်တော့သည်။
နောက်တပွဲဆော့မည်ကြံတော့ Noti တက်လာသည်။

_ bad mintonပါသူများ @#$&/&$ သို့ဒီကနေ့အရောက်လာရန်_

ထို message အားမြင်ပြီး အပေါ်ဝတ်အနီရောင်လက်ရှည်လေးဝတ်ပြီး
အိမ်ကနေအမေ့ကိုပြော၍ စက်ဘီးလေးတစ်စီးနဲ့ထွက်လာခဲ့လိုက်၏။

ကျောင်းရဲ့ကွင်းလယ်ကြီးထဲမှာအားကစားလေ့ကျင့်နေသူက များပြားလှသည်။ကိုယ်စီကိုယ်စီအဖွဲ့တွေနဲ့လေ့ကျင့်နေကြတဲ့မြင်ကွင်းဟာဆောင်းနဲ့အလိုက်ဖက်‌ဆုံးလို့မြင်သည်။

//No Name// [ Completed ]Where stories live. Discover now