25

1.2K 139 0
                                    

Unicode

အတန်းထဲ၌ စ‌ကားပြောသံဆူပူသံတွေအစား စာကျက်သံတွေနဲ့ကျယ်လောင်နေကြသည်။ စာမေးပွဲကြီးလည်းနီးသထက်နီးလာလေတော့ ပေါ့တီးပေါ့ဆနဲ့လုပ်လို့မရတော့ပါ။
ဆရာ့ဆီ စာသွားပြိုင်လိုက် ပြန်ကျက်လိုက်၊အလွတ်ရေးလိုက်နဲ့အချိန်တွေဟာ မသိမသာနဲ့ကုန်ဆုံးသွားသည်။

ကျောင်းဆင်းချိန်တွင်လည်း စာအုပ်များစွာ ထည့်ထားတဲ့လွယ်အိတ်ကြီးတွေဖြင့် လက်ထဲက မုန့်တွေကိုယ်စီကိုယ်စီနဲ့ အိမ်သို့ပြန်သွားကြရသည်။

ဘယ်လိုတွေပြီးသွားလို့ပြီးသွားမှန်းမသိတဲ့နေ့တွေ။နာရီ‌လက်တံ‌ေတွကဝေးရမယ့်အချိန်တွေကိုအမြန်ရောက်ချင်
တပါ့ ထင်ပါရဲ့နော်။

"ထယ်ယောင်း မင်းဇွဲမလျော့သေးဘူးလား"

ဆော့ဂျင်ပြောတဲ့သဘောက အဖြေမထွက်တော့တဲ့ ပုစ္ဆာကို ဇွတ်တွက်နေလို့
ဇွဲမလျော့သေးဘူးလား လို့ပြောတာဖြစ်သည်။ သူ့စိတ်ထဲ‌မှာတော့ တခါက အမည်မသိ ကိုစောင့်နေတုန်းအတန်းဆင်းပြီး
/ ဇွဲမလျော့သေးဘူးလား /လို့ ပြောတာကို သွား၍မြင်ယောင်နေသည်။

"အင်း တွက်အုံးမလို့"

အတန်းထဲမှာ ဘယ်သူမှမရှိတော့ဘူးဆိုရင် သူအကြီးကြီးမှားနိုင်သည်။
ဂျောင်ဂု ရှိသေးသည်။တိတ်ဆိတ်တဲ့အခန်းမှာသူနဲ့ဂျောင်ဂုနှစ်ယောက်တည်း။

သချာ်ပုစ္ဆာကိုအဖြေရှာချင်သလား
တမင်သူအိမ်ပြန်ချိန်ကိုစောင့်နေသလား။

သချာ်ပုစ္ဆာထက် သူ့ပုစ္ဆာကပိုခက်ခဲသည်။

"သော့ထားခဲ့မယ်"

ပုံမှန်လေသံကခါးသီးခြင်းတွေများလိုက်တာ။

ဂျောင်ဂုအိမ်ပြန်သွားသည်။ သူတယောက်တည်းကျန်ခဲ့သည်။

တယောက်တည်းပြန်လွှတ်ရမှာစိတ်ပူတယ်ဆိုတဲ့စကားကို ကြားချင်နေမိတာဘဲ။ကင်မ်ထယ်ယောင်းရေ...အတိတ်တွေကိုလေထဲဝဲပလိုက်စမ်းပါ။
ပြတင်းပေါက်ကနေ တိတ်တခိုးလှမ်းကြည့်လိုက်တော့ စက်ဘီးကိုရွေ့နေသည်။

"ငါ ငါ မင်းကိုချစ်တယ် နောက်ကျသွားပြီမလားဟင် ?"

မထားရက်ပစ်ချင်ပေမယ့် ထားရစ်ခဲ့ရသည်။
တယောက်တည်းပြန်လွှတ်ရမှာစိတ်ပူတယ် ဆိုတဲ့စကားတွေနေရာမှာ
သော့ထားခဲ့မယ် ဆိုတဲ့လေသံအေးအေးက နေရာလာယူသည်။
ကိုယ်လေ မင်းပြောတဲ့ အပြီးပိုင်သူစိမ်းတွေမဖြစ်ချင်ဘူး။

//No Name// [ Completed ]Where stories live. Discover now