12

1.5K 188 6
                                    

Unicode

အေးခဲပြီးနှင်းမှုန်နှင်းစက်တွေဖွေးလျက်ရှိသော ရာသီကြီးမှာအိမ်ကိုမပြန်ဘဲ လျှောက်သွားနေသော ထိုကောင်လေးကို အအေးပတ်မှာဆိုးတာကြောင့်စိတ်တွေပူလာရပါသည်။
ဒီဆောင်းတွင်းချိန်ကြီးမှာ ဘယ်သူမှတောင်‌မလာကြတဲ့
ဟန်မြစ်ကြီးမှာ စက်ဘီးကိုရပ်ကာ
သစ်ပင်ကြီးရှေ့သို့ ထိုင်နေပြန်သည်။

//ကိုယ့်ကိုစိတ်ပူအောင်သိပ်လုပ်တာဘဲကိုယ့်ကောင်လေးရာ//

အဝေးကနေရပ်ကြည့်မနေနိုင်တော့ဘဲ
စက်ဘီးပြာလေးကိုကိုယ်ထင်ယောင်ပြမိသည်။ခပ်ကွယ်ကွယ်နားလေးမှာချစ်ရသူကိုမျက်တောင်မခပ်စတမ်းကြည့်နေရတာသူ့အတွက်လည်းမလွယ်ကူပေ။

စက်ဘီးပြာလေးကိုမြင်မြင်ချင်းပင်
ချက်ချင်းမျက်နှာလေးကပြုံးယောင်သန်းလာသည်။ မြင်ချင်နေတာဒီအပြုံးလေးကို။
ထို့နောက် စကားတွေလည်း‌တခွန်းချင်းပြောနေသည်။ကျွန်တော်မဟုတ်တဲ့ကျွန်တော့်အကြောင်းတွေကိုပေါ့။
နောက်ဆုံးသူ့ပါးပြင်ထက်က မျက်ရည်ဥလေးတွေဟာနှင်းစက်ရည်နဲ့အတူခိုတွဲလာသည်။

နှာ‌ထိပ်‌လေးတွေလည်းနီရဲနေလို့။
အေးတာကိုအိမ်မပြန်ဘဲနဲ့ဘာလို့မဆိုင်တဲ့ကိုယ့်အကြောင်းတွေထိုင်ပြောနေရတာလည်းကိုယ့်ကောင်လေးရာ။
ပြီးတော့မျက်ရည်တွေ။မင်းမျက်နှာလေးနဲ့မလိုက်ဖက်လိုက်တာ။

ရေခဲတုံးတဲ့။ရေခဲတုံးလို့မပြောဘဲ
ဂျွန်ဂျောင်ဂုလို့ပြောလိုက်ရင်ကိုယ့်အတွက်သိပ်နားဝင်ချိုနေမှာဘဲ။သဝန်တိုတယ်လို့ခေါင်းစဉ်မတပ်ချင်တဲ့ချစ်ရသူလေးက
ဘယ်လို စကားလုံးတွေနဲ့သီဖွဲ့ပြီးများ
ပြောချင်ရတာပါလိမ့်။

//ငိုလိုက်ရယ်လိုက်နဲ့ရှက်စရာမကောင်းဘူးလားဘီးပြာလေးရယ်//

လက်အိတ်အပါးလေးကိုဝတ်ထား‌တော့
ဘယ်လောက်တောင် လက်တွေတုန်ရီနေလိုက်မယ်ဖြစ်ခြင်း။
ကော်ဖီပူပူလေးတခွက်ကိုအနီးနားဆိုင်သို့ပြေးဝယ်ပြီး မသိချင်ယောင်ဆောင်ကာဖြင့်ပေးတော့မလိုလုပ်စဉ်
ကြားလိုက်ရတဲ့ ချစ်စဖွယ် ဩရှရှလေး။

"ချစ်ဖို့ကောင်းတယ်"

"ဟင်"

စိတ်ထဲကရေရွတ်လိုက်တာကိုဘယ်လိုတောင်များ ပါးစပ်ကနေထွက်သွားမိလည်းဆိုတာကိုယ်ကိုကိုယ်တိုင်တောင်မသိလိုက်လေ။
လက်ညိုးညွှန်ရာ နှင်းရုပ်လေးပုံဖော်ထားတဲ့ အရုပ်လေးကိုပြောတာဆိုပြီး
အဖြူရောင်မုသားလေးဖြင့်ဖြေရှင်းချက်ပေးလိုက်ရသည်။

//No Name// [ Completed ]Where stories live. Discover now