8

1.7K 206 6
                                    

Unicode

ကျောင်းပြန်ချိန်တွင်စက်ဘီးလေးတရွေ့ရွေ့နဲ့ ဦးတည်ရာမဲ့မဲ့ခရီးနှင်လာခဲ့တာ။အိမ်ပြန်ချိန်‌တော့ရောက်နေပြီ။
စိတ်ကမတင်မကျနဲ့ဘာကိုအလိုမကျနေမှန်းမသိဘူး။
စိတ်ရှုပ်လိုက်တာ။

"ရော့ ယူစမ်းပါဟာ "

"ယွန်းဗြော နင်လက်မပါနဲ့နော်"

"ပါမှာဘဲ ပါမှာဘဲ"

"ဟာ ငါလည်းမညှာဘူး"

"Ha haaa haa haa"

အဲ့ဒီမြင်ကွင်းကိုပြန်ပြန်မြင်လာတိုင်းသူ့မှာ ဒေါသအလိပ်လိပ်။
အေးတိအေးစက်နေတယ်လို့ဘဲထင်ထားခဲ့တာ။သူ့မိန်းမပျိုတွေနဲ့ကျ ပြုံးဖီးနေလွန်းလို့။အဲ့လောက်တောင်ပျော်စရာကောင်းနေလား။
ယောကျာ်လေးဖြစ်ပြီးမိန်းကလေးတွေနဲ့ပေါင်းနေတာမြင်တောင်မကောင်း။
မုန်းတယ်။

‌ထင်ကရာနေရာဆီသွားတာ။‌တကယ်ရောက်လာတာက ဟန်မြစ်ကြီးဆီ။
နှင်းစက်တွေကလည်းမြေပြင်တစ်ဝှိုက်မှာဖွေးသန့်လို့။သစ်ပင်ကြီးတွေဆီမှာဆိုအစိမ်းရောင်မဟုတ်တော့ဘဲ နှင်းမှုန်တွေဖုံးလွှမ်းနေလျက်။

နေရောင်ဆိုတာဆောင်းတွင်းမှာမရှိ။
လမ်းမထက်ဆီမှာလည်းလူတွေကသိပ်မရှိပါ။အင်းလေ..ဒီလိုအေးတဲ့ရာသီကြီးမှာဘယ်သူကရူးနေလို့ ဟန်မြစ်ကိုလာပြီးလေညင်းခံပါသလည်း။
အင်းတစ်နည်းအားဖြင့်သူလည်းရူးနေတာပါဘဲ။
အေးခဲနေတာကိုအိမ်မပြန်ဘဲနဲ့နှင်းမှုန်တွေကြားမှာလေလွင့်နေတာ။

"ဟူးးအေးလိုက်တာ"

လက်အိတ်လည်းမဝတ်ထားပေတော့
အာငွေ့လေးနဲ့လက်လေးကိုနွေးအောင်လုပ်နေသည်။

အ မည် မ သိ ?

စက်ဘီးလေးလည်းအေးခဲနေဟန်။
အမည်မသိကလည်းဒီမှာရှိနေတာလား။သူပျော်သွားမှန်းဝန်ခံပါသည်။
စိတ်ရှုပ်နေချိန်မှာ အမည်မသိရဲ့စက်ဘီးလေးကိုတွေ့လိုက်တော့ အနည်းငယ်တော့သူအကြည်ဓာတ်လေးရသွားပါသည်။

*ဒီလောက်အေးနေတာကိုဘယ်သူကတယောက်တည်းစိတ်ချမှာလည်း*

သစ်ပင်အောက်မှာရပ်ထားသည်ဆိုတော့စက်ဘီးလေးနားသွားကာ
ထိုင်နေလိုက်သည်။ဟိုတချိန်ကဆို အမည်မသိကိုဒေါသထွက်ရင်ဘာမှမဆိုင်တဲ့စက်ဘီးပြာ‌ေလးဆီလာပေါက်ကွဲနေကျ။
ထိုအဖြစ်အပျက်တွေပြန်တွေးမိသွားတော့ရှက်လည်းရှက်မိသလို ရယ်လည်းရယ်ချင်မိသည်။

//No Name// [ Completed ]Where stories live. Discover now