7

1.7K 222 24
                                    

Unicode

"အတန်းမစခင်....ဟိုတနေ့ကမပြလိုက်ရတဲ့ အမှတ်စာရင်းတွေလာပြလှည့်"

စကားဆုံးတာနဲ့ အားလုံးထံမှ စိတ်ညစ်ငြီးငြူသံများဟာလည်းထွက်ပေါ်လာခဲ့သည်။ထိပ်ဆုံးခုံမှစ၍ ရထားသည့်အမှတ်များကို ဆရာ့အားပြရသည်။
တယောက်ချင်းစီပြပြီးမှသာ
အမှတ်စာရင်းအလိုက်နေရာတွေပြန်ချိန်းရသည်။

နေရာပြန်ချိန်းရမှာမို့အားလုံးဟာစိတ်ညစ်နေကြပေမယ့်လည်းထယ်ယောင်းနဲ့ဆော့ဂျင်တို့ကတော့အပျော်မြူးရင်းမြူးနေကြသည်။
ဘာကြောင့်ဆို နောက်ဆုံးခုံမှာဘဲကျမယ်ဆိုတာကြိုတင်သိနေသည်။
စာတွေအကုန်နီးပါးလိုလိုရပြီးဖြေရင်ရပေမယ့် ထိပ်ဆုံးခုံရောက်မှာဆိုးတာကြောင့်စာသင်နှစ်စကတည်းက နောက်ဆုံးခုံမှာ အခြေချနေကြတာအခုထက်ထိပင်။

"ကင်မ် ထယ် ယောင်း"

"ဟုတ် ဒီနေရာ/"

"မင်းကိုကြည့်နေတာကြာပြီ၊စာမေးပွဲကြီးတွေကျ အကုန်ဖြေနိုင်ရဲ့သားနဲ့ ၊Weekly Test တွေကျ တမင်မဖြေဘဲထားထားတာ၊"

"မရလို့ပါ၊ပြီးတော့ကျွန်တော်ကစာတွေဆို စာမေးပွဲ/"

"မလိုချင်ဘူး၊လာ...ဒီကို"

"ဗျာ"

"လာဆိုလာ"

"ဒီမယ်အရှေ့ခုံမှာတနေရာလွတ်နေတယ်မြင်လား"

"ဟုတ်မြင်ပါတယ်ဆရာ"

"‌အဲ့တာမင်းနေရာ၊"

"ဆရာာ အန့်သွဲ့့့့"

"နောက်လူတွေပြောမယ်"

ရက်စက်လိုက်တာဆရာရယ်။ကိုယ်ချင်းစာသင့်တယ်ဆရာ။
ထိပ်ဆုံးခုံနေရာဆိုတာများသောအားဖြင့်စာအတော်ဆုံးလူတွေဆိုတော့ဆရာတွေကစာမေးကြတာများသည်လေ။ပြီးတော့ရုပ်သေကြီးလို့နေရမှာ။

အခုတော့ .....အခုတော့......

ပြတင်း‌ေပါက်ကနေလည်းအလှမ်းဝေးသွားတော့မြင်နေကျ၊ငေးနေကျ၊အမည်မသိရဲ့ဘီးပြာလေးလည်းငေးလို့ရမည်မဟုတ်တော့။

//အမည်မသိနဲ့ပိုပို၍တောင်အလှမ်းဝေးလာလေပြီ//

"ကင်မ်ဆော့ဂျင်"

//No Name// [ Completed ]Where stories live. Discover now