27

1.3K 153 9
                                    

Unicode

" အမေတို့အိမ်ပြောင်းလာတာတောင်တနှစ်ပြည့်ပြီဘဲ "

ဧည့်ခန်းလယ်တွင် အမေသည်ပြက္ခဒိန်ကြည့်ရင်းဆိုလာသည်။
ဟုတ်တယ်၊တနှစ်တောင်ရှိခဲ့ပြီ။
အောင်စရင်းတွေကြည့်တဲ့ရက်က ဆိုးလ်သွားမလိုလုပ်သေးသည်။ဒါမယ့်အခြေနေအရပ်ရပ်ကြောင့် လိုင်းထဲကတင်ပေးသော အောင်မှတ်များနဲ့ကျေနပ်ခဲ့ရသည်။

တွေ့ဖို့အကြောင်းတွေပါလာသော်လည်း မဆုံရတဲ့ရေစက်‌ကြောင့် ဆုံချင်တာလည်းမဆုံရ။

ဝေးဖို့ကျကံပါပြီးနီးကပ်ဖို့ကျဘာလို့ကံမပါရတာလည်း။

အချိန်တိုင်းစက္ကန့်နဲ့အညီအမြဲတွေးတယ်။
အဝေးကသူရောခုချိန်ဘာတွေလုပ်နေလောက်မလဲ။

"သားထယ်ယောင်း စိုက်ခင်းထဲမှာ အလုပ်ရှုပ်နေတဲ့အဘွားကိုကူပေးလိုက်ပါအုံး"

"ဟုတ်အမေ သားသွားလိုက်မယ်"

တက္ကသိုလ်တွေမဖွင့်သေးခင်အချိန်ထိ
စိုက်ခင်းထဲမှာ အဘွားနဲ့အတူအသီးတွေစိုက်ပေးရသည်။ညနေပိုင်းကျ
စိုက်ခင်း၏လှမ်းနားတွင်ကိုယ်တိုင်ပျိုးထားသည့် White Cosmos ပန်းလေးတွေကို ရေလောင်းပေါင်းသင်ပေးရင်းအချိန်ကုန်ဖြစ်သည်။
ညကျ လွမ်းနာကျရသည့်စာတိုလေးတွေပုံဖော်မိသည်။
ဒါသူ့ရဲ့နေ့စဉ်အချိန်တွေ။

"အမေ ကျွန်တော်သွားလိုက်အုံးမယ်"

ညနေနေမဝင်မီ အချိန်တွေဆို ကျွန်တော့်ကိုစောင့်မျှော်နေကြတဲ့  ပန်းဖြူဖြူလေးတွေရှိတယ်။လေ၏ဦးတည်ရာဆီ ယိမ်းနွဲ့နေကြသော ပန်းလေးတွေမြင်လိုက်တာနဲ့ပင်ရင်အစုံကိုအေးချမ်းသွားစေသည်။

ထိုပန်းလေးတွေကကျွန်တော့်ကိုစောင့်မျှော်နေပေမယ့် ဒီပန်းလေးတွေတစုံတယောက်ကိုထပ်ကာစောင့်မျှော်နေကြသေးသည်။ကျွန်တော်အပါအဝင်ပေါ့။

"ဘယ်လိုလုပ်မလဲ သူလာရှာမယ်လို့မင်းတို့ထင်လား"

"ငါတော့လေ သူ့ကိုတွေ့ရဖို့မစောင့်နိုင်တော့ဘူး"

"နေတောင်စောင်းတော့မယ် အိမ်ပြန်ချိန်‌ကိုသတိရလိုက်တာ"

အမည်မသိဘီးပြာလေးကရင်ဖွင့်နေကျဆိုပေမယ့် ခုကျ ရင်ဖွင့်စရာဆိုလို့ ဒီပန်းလေးတွေဘဲရှိတော့တာမလား။

//No Name// [ Completed ]Where stories live. Discover now