23

1.2K 158 0
                                    

Unicode

"နိုးနေရင်လည်း ထလိုက်တော့လေ
ဘာလို့ ပေကပ်အိပ်နေလည်း"

"ကိုယ်မထချင်သေးလို့‌ပေါ့"

"မင်းနော် မင်း....."

အချိန်ခဏလောက်သာအိပ်ပျော်သွားခဲ့သည်။ ဒါပေမယ့်မျက်လုံးကိုမခို့မရို့ဖွင့်ကြည့်လိုက်စေတော့ မျက်တောင်မခပ်တမ်းကိုကြည့်နေမိတဲ့ ထိုမျက်လုံးကလေးတွေကိုမြင်လိုက်ရသည်။
အမြဲ စနောက် ချင်တဲ့စိတ်ကြောင့်မို့လားမသိ သူကိုယ့်ကိုခိုးကြည့်တိုင်းပြောနေကျစကား "ကိုယ်အဲ့လောက်တောင်ချောလား" ဆိုတာနဲ့ စလိုက်တော့သည်။

နေ့ခင်းလောက်ကလည်း အချေတော်လေးက တယ်ချေ ထားတော့ခုကျရှက်ရမ်းရမ်းကာဖြင့် ဘေးသို့လှည့်သွားသည်။ မှိူင်နေသည့်မျက်နှာထက်ဆိုင်ရင်တော့ တော်လောက်ပါပေသည်။

"ဟူးး ဟူးးး"

သိပ်မကြာသက်ပြင်းချသံတွေခဏခဏကြားနေရသည်။စိတ်လှုပ်ရှားနေပုံရသည်။ ခါတိုင်းသွားနေကျ အားကစားကွင်းပြင်မဟုတ်ပေတော့ ဒီကောင်လေးအတော်ကြောက်နေသည်ထင်သည်။
မရဲတရဲဖြင့် ပြတင်းပေါက်မှန်ကိုကြည့်ဟန်ပြုပြီး တုန်ရီနေတဲ့လက်လေးကိုကိုင်ထားလိုက်သည်။

လွှတ်ချလိုက်မယ်လို့ထင်ခဲ့တာ။

"စိတ်တွေအရမ်းမလှုပ်ရှားနဲ့ ကိုယ့်ကိုသာကြည့်နေ"

"အမယ်လေးးးးး ခုသွားမှာကလည်းသွားလေ့ကျင့်ကြမှာပါကွာ Rollercoaster သွားစီးမှာလည်းမဟုတ် သရဲအိမ်ဝင်ရမှာလည်းမဟုတ်
မင်းတို့က မတည့်လို့သာတော်တော့တယ်"

အနောက်ကနေ ဆော့ဂျင်မှ ရှုံ့တွနေသောမျက်နှာထားနှင့် နှစ်ယောက်ကြားထဲဝင်ကာလာပြောလေသည်။

ထိုစကားကိုကြားမှ ခုနကတည်းကရှက်ရမ်းရမ်းချင်‌တဲ့ထယ်ယောင်းစိတ်က ပို၍တောင်ရှက်ရမ်းရမ်းလာရသည်။

"သေနာ ဘယ်သူကကြောက်ပြီးတုန်နေလို့လည်း"

"မသိပါဘူးကွာ မင်းတို့အထာတွေလည်းမသိတော့ပါဘူး"

လက်ကိုဖယ်မည်ကြံတော့ အတင်းတွေဇွတ်ဆုပ်ကိုင်ထားလေသည်။ကြိုက်ပေမယ့်‌လည်း မာနလေးကခြံရံထားတာတော့ခက်ပေသည်။

//No Name// [ Completed ]Where stories live. Discover now