31 // End //

3K 196 37
                                    

Unicode

ဧည့်ခန်းထဲမှာ ခပ်အေးအေး သီချင်းတပုဒ်က တလွင့်တပျံ့။
ဒီအိမ်မှာမနက်ခင်းတိုင်း ကြားနေရတတ်တဲ့ သီချင်းလေး တပုဒ်လည်းဟုတ်တယ်။
ဂျွန် လို့အမည်ရတဲ့ ရေဒီယို‌မှ ဖွင့်သည်ပေါ့။ အိပ်ခန်းထဲကိုဝင်လိုက်တော့
// No Name // လို့ချိတ်ဆွဲထားတဲ့ စာတန်းလေးက တိတ်ဆိတ်စွာအဲ့အောက်မှာတော့ ကျွန်တော်တို့နှစ်‌ေယာက်ပုံတူ ပန်းချီကားချပ်တချပ်ဖြင့်။
အဖြူရောင်လိုက်ကာစ တွေကလည်းလေနဲ့အတူ ဝှေ့ရမ်းနေကြသည်။
ဝရံတာဘက်ကိုထွက်လိုက်ကာဖြင့်
လိုက်ကာ စတွေစီးလိုက်သည်။

ငယ်ဘဝရဲ့အစိတ်အပိုင်းဖြစ်ခဲ့တဲ့
မီးခိုရောင်စက်ဘီးနဲ့အပြာရောင်စက်ဘီးလေးက ခြံထဲမှာ ရှေ့ဦးစွာမြင်ရသည်။
ဟောင်းနွမ်းနေပေမယ့် ပြန်လည်တမ်းတရစေမယ့် အလွမ်း‌တွေနဲ့သာ သိမ်းထားခြင်း။

အိမ်ရှေ့တွင်မြင်နေရသည့်ချယ်ရီပန်းပင်ကြီးမှ ချယ်ရီတွေမြေပေါ်သို့ ကြွေတတ်လွန်းလို့ အသန့်ကြိုက်တဲ့ဂျွန့်အတွက် နေ့လည်ခင်းဆို အမှိုက်လှည်းရတာဟာ အလုပ်တလုပ်လိုဖြစ်နေတော့သည်။

ဆိုဖာထက်မှာ ငိုက်ငိုက်ကလေး အိပ်ပျော်နေတဲ့ ဂျွန်။ ကြည့်ရတာအမှိုက်တွေ  အတော်လှည်းလိုက်ရလို့‌ပင်ပန်းသွားတယ်ထင်တပါ့။

" ‌ထတော့ကွာ "

ပါးစပ်ကလေးကိုကိုင်ပြီး ဆူထွက်လာတတ်တဲ့ ဂျွန့်ရဲ့နှူတ်ခမ်းပါးသေးသေးလေး။မေးစေ့အောက်ဘက်နားမှာ
ကျွန်တော် ချစ်ရတဲ့ မှဲ့နက်ကလေးက မပါမဖြစ်။

" ခနလေးလေ ၊ အချစ်က..."

" မရဘူး ထဆို ဟေ့ကောင်"

" Po po ( အနမ်း ) ‌"

သူ့နှုတ်ခမ်းသူ လက်ညိုးထိုးကာဖြင့်
စေညွန်သည်။ နမ်းမှထမည်ဆိုတဲ့ အဓိပ္ပာယ်ကို ထယ်ယောင်းသိသည်။
ဆောတီးပါ။

" ဘာပြောတယ် ? "

" Po po "

တကယ်တမ်းဆိုရင်ဖြင့် ဂျွန်‌နိုးနေပါသည်။ဒါသူ့အပေါ် တမင်အကျင့်ရုတ်နေတာ။တတ်လည်းတတ်နိုင်တဲ့ကောင်။

" ထမှပေးမယ် ! Go ပြီ "

သွားတော့မည့်လုဆဲဆဲ လက်တွေကိုဖမ်းဆုပ်လိုက်ပြီး သူ့ရင်ခွင်ထဲရောက်စေတော့သည်။ပြီးနောက်
မျက်နှာတပြင်လုံး အနမ်းတွေနဲ့ခြွေပါတော့သည်။

You've reached the end of published parts.

⏰ Last updated: Feb 25, 2022 ⏰

Add this story to your Library to get notified about new parts!

//No Name// [ Completed ]Where stories live. Discover now