21

1.2K 154 0
                                    

Unicode

"ဒီမှာ ခဏနားကြရအောင် ကလေးတို့"

ဆရာ၏ပြောသံကြောင့်အားလုံးလည်း
ကျောတွင်သယ်ဆောင်လာကြတဲ့
ကျောပိုးအိတ်လေးတွေကို မြေကြီးပေါ်သို့ ချထားကြသည်။
တချို့သည်လည်း ရေသောက်ရင်းဖြင့်
တောင်ပေါ်မှ လှမ်းမြင်နေရသည့်
မြင်ကွင်းကျယ်ကို ကြည့်ရှူကာ အမောဖြေနေကြသည်။

"သောက် မောနေမယ်"

"ရတယ်"

မောလားဆိုတော့ မောသည်။သို့ပေမယ့် သူရေမသောက်ချင်ပါ။
ကျောပိုးအိတ်လည်း မချဘဲ မတ်တပ်ရပ်နဲ့သာ ဒီတိုင်းကြီးနေနေမိသည်။
မသောက်ဘူးလို့ပြောတာတောင် ဘေးမှာ မတ်တပ်လိုက်ရပ်နေတဲ့ ဂျောင်ဂုကြောင့် အနည်းငယ်‌စိတ်ရှုပ်မိသည်။

"မင်း

"ကိုယ်"

နှစ်ဦးသံဆီမှ စကားသံသည်တချိန်တည်းတွင်ထွက်ပေါ်လာကြတော့
သူပြောကိုယ်ပြောနဲ့ စကားတခွန်းထွက်ရမှာတိုင်တွေပတ်နေကြသည်။

"ထယ်ဘဲအရင်ပြော..."

"မင်း မင်း နဲ့ ငါနဲ့က တွဲ..../ တော်ပြီမင်းအရင်ပြော"

"ကိုယ်လေ ထယ်မသွားခင်ပေးစရာတခုရှိတယ်"

"ခုပေးလို့မရဘူးလား"

"မရဘူးပြီးတော့ အဲ့အရာလေးကို ဒယ်ဂူကျမှကြည့်"

"ခုမပေးဘဲနဲ့များ feel တက်အောင်အပိုတွေလာလုပ်နေတယ်"

"အသိပေးတာပါ ထယ်ရာ...၊ထယ်ပြောလေ"

တွဲနေကြတာလားလို့မေးရင် ရှက်စရာများကောင်းသွားနိုင်လား။
ချစ်တယ် ဆိုတဲ့စကားတွေလည်းမဖွင့်ဟကြရသေးပေမယ့် အနမ်းတခုကို စတင်ခဲ့တော့ ခုလိုမျိုးကျ ဗရုတ်သုတ်ခကျနိုင်သည်။ဒါပေမယ့်သူသိချင်တယ်။ဂျောင်ဂုကသူ့ရဲ့ဘာလဲဆိုတာ။

"မင်းနဲ့ငါနဲ့က ဘာတွေလည်း"

"လူတွေလေ"

"ဟာ မင်း အဲ့လိုပြောတာမဟုတ်ဘူးလေ"

"ဘယ်လိုတုန်း"

"ငါလည်းမသိတော့ဘူး"

ပြောပြချင်တာပေါ့ ချစ်သူတွေလို့။
သို့သော်
ဒီလိုငယ်ရွယ်စဉ်မှာစိတ်တွေမရိုးသားခဲ့ကြပေမယ့်
လူ‌ေတွအထင်သေးခံရလောက်တဲ့အထိ မရိုးသားပြချင်ပေ။ပတ်ဝန်းကျင်ရဲ့ပုတ်ခတ်ပြောဆိုသံတွေက ငယ်ရွယ်ချိန်နဲ့ မတန်‌ေသးလို့ပါကိုယ့်ကောင်လေးရာ။

//No Name// [ Completed ]Where stories live. Discover now