20

1.3K 162 0
                                    

Unicode

စားနေရင်းတန်းလန်း ရုတ်တရက်ဆန်စွာထသွားသော ထယ်ယောင်းကြောင့်
ကြောင်အနေမိသည်။
ဖုန်းသံက မင်းစိတ်ညစ်စရာတွေကိုယူဆောင်လာတယ်လို့ထင်သည်။

စိတ်မချ‌ဖြစ်နေသည်ကြောင့် ချက်ချင်းပင် အပြေးလိုက်သွားလိုက်တော့သည်။
သစ်ပင်အောက်မှာ ဩရှရှအသံလေးကြားလိုက်ရသောကြောင့်
ဘယ်သူဆိုမှန်းတန်း၍သိလိုက်သည်။

ရှေ့သို့မသွားဘဲ အနောက်ဘက်နားမှာဘဲ တမင်ရပ်နေလိုက်သည်။
ဖုန်းသံလာပုံကြည့်ရတာ မိန်းမခပ်ကြီးကြီးအသံဆိုတော့ သေချာပါသည်
ထယ်ယောင်းအမေဘဲဖြစ်ရမည်။
ကြားတချက်မကြားတချက်နဲ့ဆိုတော့
စကားပြောသံအားရှင်းရှင်းလင်းလင်းမကြားရပေ။

ပြီးတော့ ရှိုက်သံတွေပါကြားလာရတော့သည်။အသံခပ်တိုးတိုးနဲ့ ငိုနေသော ထယ်ယောင်းကိုရင်ခွင်ထဲသို့ထွေးပွေ့ရင်း ပျော်ရွှင်မှူတွေမျှဝေပေးလိုက်ချင်ပါသည်။

မျက်ရည်ဆိုတာ ပါးပြင်ထက်မှာရှိမလာသင့်တဲ့အရာ။လုံးဝမအပ်စပ်‌ပါ။
ခြေလှမ်းတွေကိုတမင်မသွားဘဲရပ်နေလိုက်သည်။
တယောက်တည်းတဝကြီးငိုလို့ရအောင်။အတ္တကြီးလိုက်ပြီး မေးလိုက်ချင်သည်။
ဘယ်အရာတွေကများမင်းကိုစိတ်ညစ်အောင်လုပ်စေသလဲလို့။
ဘယ်အရာတွေကများမင်းပါးပေါ်မျက်ရည်ရအောင် လုပ်ရပါသနည်းဟု။

ကြာလေကြာလေပိုတိုးရှိုက်ကာငိုလာသော ကောင်လေးကြောင့်သူ့စိတ်လည်း
ဝမ်းနည်းနေခဲ့တော့သည်။

ချစ်သောသူပျော်ရင်လိုက်ပျော်ပေးနိုင်ကြတယ်။အဲ့ဒီလိုပင်
ချစ်သောသူရှိုက်ငိုနေရင်ကိုယ်တိုင်ကစ
မသိလိုက်ဘဲ မျက်ရည်တွေကျနေမိတာ။

" မအိပ်ချင်သေးလို့လား "

တယောက်တည်း မဲမှောင်နေတဲ့ကောင်းကင်ကြီးအားကြည့်ရင်း ဂျောင်ဂုကိုတွေ့လိုက်ရတာကြောင့်စိတ်တွေနွေးထွေးသွားရသည်။
ဒီခံစားချက်လေးက အမည်မသိကိုတွေ့တိုင်း ဖြစ်ပေါ်လာတဲ့ခံစားချက်နဲ့တူနေသယောင်။

"အင်း မင်းရောမအိပ်ချင်သေးလို့လား"

"ရက်စ်ဆိုမှားတယ်"

//No Name// [ Completed ]Where stories live. Discover now