16

1.4K 174 0
                                    

Unicode

မျက်လုံးကိုဖွင့်လိုက်ပိတ်လိုက် မျက်နှာကျက်ကြီးကိုကြည့်နေတာ ညဂျောင်ဂုဆီကပြေးထွက်လာကတည်းကပင်။
အခုနာရီလက်တံအားကြည့်လိုက်တော့
မနက် 7:30 ။
ရင်တွေခုန်နေတုန်းခုထက်ထိ။
မျက်လုံးတွေပိတ်လိုက်ခါတိုင်း အဲ့ မနေ့ညက အချိန်ကြီးဘဲပြန်ပြန်မြင်လာသည်။

"သား ထယ်ယောင်းထတော့လေ၊ကျောင်းသွားဖို့ပြင်ဆင်ရမယ်"

ဘာမှပြန်မပြောဘဲ မျက်နှာကျက်ကြီးဘဲကြည့်နေလိုက်သည်။သူ့အတွေးထဲမှာလေဟာနယ်ကြီးလို။အဲ့လေဟာနယ်ကြီးထဲမှာမှ ရှက်စရာကောင်းတဲ့အချိန်တွေကနေရာယူနေသည်။
ကျောင်းလည်းမသွားချင်ပါ။ဂျောင်ဂုနဲ့တွေ့ရင် မျက်နှာတွေအသေပူနေမှာသူ့အကြောင်းသူသိသည်။

‌အကယ်၍သူမတွေ့ချင်တောင် ဟိုကသူ့ရှေ့မရမကအနေနဲ့ပေါ်လာမှာသူမြင်ယောင်သည်။ဂျောင်ဂုနဲ့နေ့ရက်တိုင်းကိုဘယ်လိုတွေများဖြတ်သန်းရပါအုံးမလိမ့်။

မျက်နှာသစ်တော့လည်းမှန်ထဲမှာ အဲ့ပုံရိပ်ကြီး။မှန်တင်ခုံပေါ်ဆံပင်သပ်တော့လည်းအဲ့ပုံရိပ်ကြီး။လိုက်ကာကိုဖွင့်ကာ
ပြတင်းပေါက်ဖွင့်လိုက်တော့
ဂျောင်ဂုနဲ့သက်ဆိုင်တဲ့ white Cosmos ဆိုတဲ့ပန်းတွေ။
မနက်ခင်းအိပ်ယာနိုးတိုင်းသူအမြဲရေလောင်းပေါင်းတင်ပေးနေကျ။
ဒီနေ့ ထိုပန်းတွေအားရေလောင်းပေါင်းပင်ပေးဖို့မလုပ်အား။
မဟုတ်ဘူးမလုပ်ချင်တာ။

စာကြည့်စားပွဲဆီအကြည့်တို့ကရောက်နေမိတော့ အနည်းငယ်စိတ်သက်သာအောင်စာလုပ်နေလိုက်သည်။
စာလုပ်တယ်ဆိုတာထက် စာရွက်ပေါ်မှာဟိုလျှောက်ခြစ် ဒီလျှောက်ခြစ်ကပိုမှန်မည်။

လက်ကအငြိမ်မနေစွာ သူအမြဲရေးနေကျ ဒိုင်ယာရီစာအုပ်လေးကိုယူဖတ်မိသည်။

ပထမစာမျက်နှာက

// အမည်မသိ //

ဒုတိယအရွက်

// အမည်မသိနဲ့တွေ့အောင်စောစောသွားခဲ့တယ်၊မတွေ့ခဲ့ဘူး//

တတိယအရွက်

// အမည်မသိ နဲ့ မတွေ့ပြန်ခဲ့ဘူး //

စာမျက်နှာတိုင်းလိုလိုမှာအမည်မသိကထိပ်ဆုံးက။
အရွက် 20 မျက်နှာမှာကျ

//No Name// [ Completed ]Where stories live. Discover now