9

1.6K 201 3
                                    

Unicode

"ဆော့ဂျင် နောက်အချိန်ကဘာလည်း"

"Eng , maths "

"ဒီနေ့ ကျက်စာတွေဘာတခုမှမမေးဘူးမလား"

"အေးဆေး၊တခုမှ....မမေးဘူး"

ကျက်စာတွေတခုမှမမေးဘူးလို့ဆရာမပြောလိုက်တာသူကြားသည်။
သေချာအောင်သာ ဆော့ဂျင်အားမေးနေခြင်းပင်။ဒါပေမယ့်စိတ်ကြီးကထစ်နေသလို။လေးလံနေတဲ့ခံစားချက်ကြီး။
တကယ်ဘဲဘာကျက်စာမှ မပါတာလား။

"ထယ်ယောင်း နောက်အချိန်ကဘာလည်း"

ဘေးနားကတယောက်မှလာမေး၏။
အချိန်စာရင်းကိုဂရုမစိုက်တာငါတယောက်တည်းမဟုတ်ဘူးကိုး။

"သချာ်"

"သချာ်က 1 လား"

ခေါင်းထဲသို့ အရင်အပတ်မှစာသင်ချိန်အား သတိရလာသည်။

"နောက်အပတ် M2 တွေ ဖြေရမယ်နော်"

အဲ့တုန်းကစိတ်ကိုပေါ့ပေါ့ဘဲထားခဲ့တာခုမှနောင်တတွေရ။
စိတ်ကြီးကလေးနေပါတယ်လို့ M2 ဖြေရမှာမေ့ကို‌လုံးလုံးမေ့နေတာ။
နာရီအချိန်ကို အကြည့်ရောက်လိုက်တော့ အတန်းဆင်းဖို့အလို 15 မိနစ်။

"ဟေ့ရောင်...ကျက်စာတခုရှိသေးတယ်"

" မရှိပ

"မင်းအဖေ ရဲ့ M2 လဒရဲ့"

"ဘာာာာာ ! ဟာာာ ကယ်ကြအုံး ငါမကျက်ရသေးဘူး"

အခုမှ တရုန်းရုန်းနဲ့ ကျက်နေကြတော့သည်။ M2 ကိုကျက်စာအနေနဲ့သဘောထားကြတာအတန်းထဲမှာသူတို့နှစ်ယောက်ဘဲရှိပါလိမ့်မည်။
တပုဒ်ပြီးတပုဒ် ကျက်ရတာတကယ့်ကို‌ခက်သည်။

မုန့်စားဆင်းချိန် ဆင်းသော်လည်း မုန့်ဆိုချစ်သူတဖွယ်ထားတတ်သော
ဆော့ဂျင်ဟူသည်လည်း ‌စာအုပ်ကြီးကို ကြည့်နေတာခေါင်းတောင်မဖော်နိုင်တော့ပေ။
ထယ်‌ယောင်းဆိုသည်မှလည်း အမည်မသိဆိုတာသူ့အတွက် ‌အတွေးထဲမှာပျောက်ချည်းလှပျောက်နေတော့သည်။
သေချာခြင်းက နှစ်ယောက်လုံး အတွေးထဲမှာ M2 နဲ့သာပိတ်မိနေတော့သည်။

" မေးခွန်းထဲမှာဘာခက်တာမှငါမရွေးပေးထားဘူး၊ သေချာကြည့်ပြီးမှဖြေကြ၊ အမှားပါရင်တော့ သိတယ်နော်"

//No Name// [ Completed ]Where stories live. Discover now