11

1.6K 188 0
                                    

Unicode

တရက်ပြီးတရက်နဲ့အချိန်တွေလည်ပတ်ရင်း ဖြင့်ကျွန်တော့်နှလုံးသားလေးဟာလည်းတစ်ယောက်သောသူရဲ့အပြုအမူဟန်ပန်လေးတွေကြောင့် အကြိမ်ကြိမ်ပြိုလဲနေရတာသူလေးသိနိုင်ပါ့မလား။

တနေ့တာနေ့ရက်တွေမှာမင်းကြောင့်ဖြစ်တည်လာသောအဖြစ်ပျက်လေးတွေသည် ကဗျာတွေထက်ပိုဆန်းကြယ်တယ်။

ဟင်းတခွက်မှာဆိုရင်ဆားမရှိရင်ဘယ်လိုဘဲချက်ပြုတ်ပါအုံးအရသာကဘယ်နည်းနဲ့မျှလို ကောင်းနိုင်မှာမဟုတ်ဘူး။ထိုနည်းတူလို ပုံမှန်ဖြစ်ပျက်နေတဲ့ကိုယ့်ရဲ့တနေ့တာအဖြစ်ပျက်တွေမှာ
အဓိကဇာတ်ဆောင်လေးမ
ရှိရင်သိပ်ကိုခြောက်ကပ်နိုင်လွန်းလှတယ်။

ကိုယ့်အဖြစ်ပျက်တွေကိုဖန်တီးပေးတဲ့မင်း။
ကိုယ့်အဖြစ်ပျက်တွေ‌ကိုပျော်‌ရွှင်အောင်လုပ်ပေးတဲ့မင်း။
သစ်ရွက်‌ေလး‌ေတွလှုပ်ရင် ဒီအရွယ်လေးတွေက
အကြောင်းပြချက်မရှိဘဲရယ်မောပြီးရင်ခုန်တတ်ကြတယ်တဲ့။
ကိုယ်ကတော့ အဲ့သစ်ရွက်လေးတွေကိုမင်းလို့ဘဲတင်စားချင်မိတယ်။

မင်းကကိုယ့်ရဲ့ အဓိကဇာတ်ဆောင်လေးမို့။

"ဒီနေ့လူအတန်းစာရင်းမှာ တယောက်လျော့ပါ့မယ်၊ထယ်ယောင်းကဖျားနေလို့မလာနိုင်ဘူး"

ထိုစကားသံအားကြားလိုက်ချင်းချင်းပင်ရင်ထဲမှာ ခြောက်ကပ်၍ဟာတာတာနိုင်လှစွာ။အပြင်ကနေထိုးဖောက်လာတဲ့နေရောင်လေးဟာလှပနေပေမယ့်သူ့အတွက်မသာယာနိုင်။
လေတွေတဖြူးဖြူး‌သာတိုက်ခတ်နေတယ်။သူ့စိတ်ထဲမှာ လစ်ဟာ၍ဟင်းလင်းပြင်ကြီးဘဲရှိနေမှာ။
သူငယ်ချင်းတွေကိုယ်စီကိုယ်စီစကားတွေပြောနေကြပေမယ့် သူမြတ်နိုးရပါသော ကောင်လေးကမရှိတော့
ဘာလုပ်လုပ်ကိုစိတ်‌တွေလေးလံနေခဲ့လေသည်။

အိမ်ကိုလိုက်သွားရမလား လို့ပေါတောတောအတွေးတွေးလိုက်ပါသေးသည်။
မင်းလေးကကိုယ့်ကိုရူးချင်အောင်လုပ်နေတာ။

"ဆော့ဂျင်..."

"အော် ဂျောင်ဂု ပြောလေ"

"ပြောရမှာတော့နည်းနည်းရှည်တယ်"

စကားဆိုရှည်တာအကြိုက်ဖြစ်တဲ့ဆော့ဂျင်အတွက် သူရှင်းပြချင်တာတွေသူပြောပြချင်တာတွေရောပါအကုန်ပြောပစ်လိုက်တော့သည်။
ဘယ်လိုဘဲထင်ထင် နောက်တချိန်ကျ
လည်းသိလာမှာမဟုတ်လား။

//No Name// [ Completed ]Where stories live. Discover now