29

1.2K 154 7
                                    

Unicode

စာသင်နေရင်း ပြတင်းပေါက်ဘက်တချက်လှမ်းကြည့်လိုက်သည်။
အတန်းရှေ့က ကော်ရစ်တာလျှောက်လှမ်းလေးမှာ ရပ်စောင့်နေတဲ့ကျွန်တော့်ရဲ့ နှစ်ယောက်မရှိတဲ့ချစ်ရသူလေး။
တဖက်ကကြည်နူးရပေမယ့် တဖက်က
သိပ်တော့မကြိုက်ပါ။

ဖြတ်သွားတဲ့မိန်းမပျိုတိုင်းက မျက်စတွေပစ်ပစ်သွားကြတာနည်းနည်းမှကိုမဟုတ်တစ်စက်ကလေးမျှကိုကြည့်မကောင်း။ဒါကို ကိုယ်တော်ချောကလည်း တဖန်အပြုံးတွေလှမ်းကျွေးနေတတ်သေးတာ။

" မင်းနော်မင်း......"

"ဘာကိုလဲ "

" ဘာလို့  အဲ့ဟာမတွေကိုပြုံးပြနေတာ၊ အတန်းလာစောင့်တာလား လာကြူနေတာလားမသဲကွဲဘူး၊ ပြီးတော့ဒါ သဝန်တိုတာမဟုတ်ဘူးနော်ကြိုပြောထားတာ"

သူပြောသမျှကို ဘာစကားနဲ့မှမတုံ့ပြန်သေးဘဲ ပြုံးပြုံးကြီးလာကြည့်တော့
လူကိုအနေရခက်စေသည်။
ဟာသတွေပြောနေတယ်လို့များထင်စေသလားမသိဘူး။

"ကိုယ်ကဒီတိုင်းတောင်ပြုံးမပြရဘူးပေါ့"

"အင်း အဲ့အပြုံးတွေကငါတယောက်တည်းဘဲပိုင်တယ်"

" ချစ်လိုက်တာ "

ကန်တင်းမှာလူတွေအုံ့အုံ့ညံနေတာဇွတ်အတင်းလာဖက်တာကြောင့် လန့်တောင်လန့်သွားရပေသည်။

" အရူးကောင် လူတွေရှိ‌နေတာကို"

"ဟင် ? ကိုယ်တို့နေနေတာလူလောကလေ၊လူတွေနဲ့တွေ့ရမှာပေါ့ ထယ်ကလည်း"

" အိမ်မှဖက်၊အိမ်မှမဖက်ရင်ငါမင်းကိုလုပ်မှာ"

" ကိုယ်လည်းပြန်လုပ်မယ် "

" Yaaaa... နှာဘူးမကျနဲ့နော်"

"မလုပ်ရက်ပါဘူးဗျာ အချစ်သဘောတိုင်းဘဲ"

လမ်းမှာတီတီတာတာစကားတွေ ပြောလာကြရင်း အိမ်နားရောက်ခါနီးအချိန်ကျမှ တိတ်သွားသည့်ဂျောင်ဂုပါးစပ်။ဘာလို့လဲ...

" ကိုယ်ရင်တုန်နေတယ်ထယ်"

"ဘာလို့လဲ ဘာတွေကဂျွန့်ကိုရင်တုန်အောင်လုပ်လို့လဲ"

"ခုအိမ်ပြန်ရင် အဖေနဲ့အမေကိုတွေ့ရမှာမလား ကိုယ်ဖွင့်ပြောဖို့စီစဉ်ထားတယ်"

//No Name// [ Completed ]Where stories live. Discover now