18

1.3K 169 3
                                    

Unicode

အတန်းချိန်ပြီးသွားလောက်ကတည်းက
ပေတံကြီးကိုတကိုင်ကိုင်နဲ့ကြည့်နေတာ
အတော်ကြာပြီ။ဆောင်းလည်းကုန်တော့မည်။
အနွေးထည်ပါးပါးလေးကိုသာဝတ်ထားသည်။

ဟိုချိန်ကလိုမျိုးဆို ဂျောင်ဂုကိုတရိပ်ရိပ်နဲ့ခိုးကြည့်မိမှာမှန်ပေမယ့် ခုနေကျ မလုံလဲသောခံစားချက်တို့ကြောင့်ကြည့်ရမှာ မရိုးသားသလိုခံစားရသည်။

"ဟေ့ကောင် ငါပြောမယ်"

"နားညီးတယ်"

ဟိုဘက်ကအုပ်စုနဲ့စကားပြောနေတာ
ကိုအကြာမှအကြာကြီး။
ချက်ချင်းပင် သူ့ဆီလာကာ ‌အကြောင်းအရာတခုကို စကားပြောဖို့ပြင်နေလေပြီ။
ပြောရတဲ့မင်းမောလားမမောလားမသိပေမယ့် နားထောင်ရတဲ့ငါကတော့မောနေတာမင်းအစား။

"မင်း first kiss ရဘူးလား"

ဘာကိုဆိုလိုပြီးပြောချင်မှန်းနားမလည်ပေမယ့် ထိုမေးခွန်းကြီးကြောင့်
အတော့်ကိုမျက်လုံးပြူးသွားရသည်။
ချက်ချင်းလှမ်းကြည့်မိတာက
ဂျောင်ဂုကို။အဲ့နောက် ရှက်စရာအတိတ်ကခေါင်းထဲဒိုင်းခနဲပင်။

"ရ ရဘူးစ ရာလား"

"‌ဂျောင်..သူ့သိ‌တယ် မေ့နေတာာ ဂျောင်...."

"ဂျောင်ဂုမဟုတ်ဘူး!"

"လန့်တာသေနာရယ်ငါပြောတာ
ဂျောင်ဘို ဂျောင်ဘိုမှတ်မိပြီ အဲ့စီနီယာလေ သူ ရဖူးတယ်တဲ့"

"စီနီယာ ရဖူးတာအဲ့လောက်သောက်အရေးကြီးနေလား"

"မဟုတ်ဘူး ငါတို့လိုအရွယ်မှာရဖူးတာကွ၊ အဲ့စီနီယာတို့အတွဲက စာကူးပြီးအိမ်လိုက်ပို့တာကွာ အဲ့မှာ အိမ်ထဲမဝင်ခင်နမ်းကြတာတဲ့ ပြီးတော့....

"တော်လိုက်တော့ ငါစာကျက်နေတယ်"

"မင်းစာကလည်း ဇောက်ထိုးကြီး"

"မင်း သွား လိုက်တော့ကွာ"

မေ့နိုင်သောအချိန်ကျမှ တိုက်ဆိုင်တဲ့အကြောင်းနဲ့ ထိုရှက်စရာအတိတ်ကိုလာတူးဆွရတယ်လို့။
အဲ့နေ့ညကိုတွေး‌တိုင်း မျက်လုံးထဲအရင်မြင်မြင်လာတာကဂျောင်ဂုပင်။

//No Name// [ Completed ]Where stories live. Discover now