4

2K 227 2
                                    

Unicode

အတန်းထဲတွင်ကျောင်းသားတွေရဲ့စကားပြောသံတွေသည် လက်ဖက်ရည်ဆိုင် ဆန်ဆန် နီးပါး။စကားပြောသံ၊ဆူညံသံတွေနဲ့
ရောထွေးနေလေသည်။

အိပ်ချင်သူကအိပ်၊ကစားနေသူကကစား၊ဖုန်းကလိနေသူက ကလိ၊ အဖွဲ့လိုက်စကားပြောသံတွေက ရယ်လိုက်ဟားလိုက်နဲ့ ရယ်မောသံတွေအပြည့်။

မိန်းကလေးတွေကျပြန်တော့ အတင်းတုပ်ကြတဲ့သူကတိုးတိုးတုပ်တုပ်နဲ့။
အလှပြင်နေတဲ့သူက တယောက်စနှစ်ယောက်စ၊မုန့်ကိုပေါ်တင်စားပြီးစကားပြောနေကြသူကသပ်သပ်။

ထိုအတန်းထဲမှာ အေးစက်နေတာဆိုလို့
ပန်ကာလေဘဲရှိလိမ့်မည်။

ဆရာတွေမရှိချိန်ဆို ဒီလိုတွေဖြစ်ပျက်ကြတာကျောင်းရဲ့သဘာဝဘဲမဟုတ်လား။

အတန်းခေါင်းဆောင်ခြေသံကြားတော့မှသာ အတန်းကအော်တိုတိတ်ဆိတ်သွားကြ၏။

"ဟေ့ကောင်တွေနားထောင်ကြ !
January လကျ ကျောင်းဂုဏ်‌ေဆာင်အားကစားပြိုင်ပွဲရှိတယ်၊ပါမယ့်သူတွေလာစာရင်းပေးကြ"

ဆောင်းတွင်းဆိုထိုအသံကို‌ ကျောင်းသား/သူတွေက ရင်ခုန်စွာစောင့်ရတာအမော။
အားကစားဆိုတာနဲ့ထိပ်ဆုံး ကရှေ့တန်းထွက်ကြမှာတော့ထုံးစံပင်။

လူတွေတအုန်းအုန်းတရုန်းရုန်းဖြင့်စာရင်းသွားပေးနေချိန်တွင်
ထယ်ယောင်းတစ်‌ေယာက်တွေဝေနေမိသည်။

သူပါရမလား၊မပါရဘူးလား၊ဆိုတာစဉ်းစားနေသည်။

တခါမှ အားကစားပွဲဆိုတာဝင်မပါဖူးဘူး။ခြေတွေလက်တွေညောင်းခံပြီး
ရွှေအစစ်မဟုတ်တဲ့ အတုကိုရရတာ
သူပင်ပန်းရတာနဲ့မတန်ဘူးလို့သူယူဆမိသည်။

အတွေ့အကြုံရအောင်ဒီနှစ်လောက်ပါကြည့်လိုက်ရမလား။
ထို့နောက်ဆုံးဖြတ်ချက်တခုကိုချလိုက်ပြီး စာရင်းပေးဖို့သူသွားလိုက်တော့သည်။

"ဘယ်လိုစိတ်နဲ့ပါချင်ရသွားတာလည်း"

"ဟိုလိုစိတ်နဲ့ပါချင်သွားတာ"

"ပါးစပ်က အကောင်းကိုထွက်မလာဘူး"

"အတွေ့ကြုံရချင်လို့ပါခင်ဗျာ၊ရပြီလား"

//No Name// [ Completed ]Where stories live. Discover now