15

1.5K 183 0
                                    

Unicode

//အမည်မသိ//

သူအမည်မသိဘီးပြာလေးကိုစတွေ့ကတည်းက ပိုင်ရှင်ကိုအကြောင်းမဲ့သိချင်ခဲ့တာ။
ဘယ်သူမဆို ကိုယ်မပိုင်ဆိုင်ရပေမယ့်
အဝေးကနေ ကိုယ်မြတ်နိုးရတဲ့အရာလေးတွေကြည့်နေရရင်ကို စိတ်သက်သာရာရစေပြီးနွေးထွေးသွားစေတယ်မလား။အဲ့လို ဘဲအမည်မသိကိုတွေ့လိုက်ရင် တယောက်ယောက်ရှိနေတယ်ဆိုတဲ့စိတ်ကြောင့် ပျော်ရတယ်
နွေးထွေးသွားသလိုခံစားရတယ်။

လွန်ခဲ့တဲ့ 3 နာရီကပင်သူသိလိုက်ရသည်အမည်မသိကို။သူ့အတွေးတွေထဲမှာ ဂျွန်ဂျောင်ဂုဆို‌ေသာသူသည် အမည်မသိ‌အနေနဲ့ရော သူတဖက်သတ်ကြိတ်ခိုးကြည့်ရတဲ့ဂျောင်ဂုအဖြစ်နဲ့ရောစိုးမိုးသွားခဲ့သည်။

ကြိတ်သဘောကျရတဲ့ စက်ဘီးပြာ၏ပိုင်ရှင်။
ကြိတ်ခိုးပြီးကြည့်ရတဲ့ဂျွန်ဂျောင်ဂု။

နှစ်ယောက်လုံးကသူဘဲဆိုတာယုံရခက်နေတယ်။

ခြင်းတောင်းရှေ့ကို အမြဲလာ‌လာပေးနေတဲ့ ပန်းအချို့ကလည်း ဂျောင်ဂုဘဲလား။

♡︎

"ရပြီလားစာတွေ"

"မရရင်ငါဘယ်လိုသွားဖြေရမှာလည်း၊မင်းကလည်း"

"ဟုတ်ပါပြီ၊အတန်းထဲရောက်မှ ခိုးချမယ်မကြံနဲ့နော်"

"လုံးဝဘဲ"

ထယ်ယောင်းနဲ့ဆော့ဂျင်တို့ စာမေးပွဲဖြေရန်အတန်းထဲသို့မဝင်မီ ကျက်ထားသောစာများပြန်နွှေးနေချိန် ဂျောင်ဂုမှသူတို့၏ဘေးသို့ရောက်လာလေသည်။

"ယုံလိုက်ပါ့မယ်"

ပြုံးတိတိနဲ့ထယ်ယောင်းကိုကြည့်နေတဲ့ဂျောင်ဂုအကြည့်တွေကိုဆော့ဂျင်နားလည်သလိုလို။ ဒီအကြည့်က ထယ်ယောင်းစာခိုးချရင် နောက်ကနေလိုက်ပြောင်မယ့်အကြည့်မျိုး။

"မင်းအကြည့်တွေငါသိတယ်နော်ဂျောင်ဂု"

ဆော့ဂျင်ပုံစံကမျက်ဆံမျက်ပြူးဖြင့်သွားကြီးကလည်းတဖြဲဖြဲနဲ့ ထိုပုံစံဟာ
ဂျောင်ဂုစိတ်တွေပို၍မလုံမလဲဖြစ်စေသည်။

အချစ်မျက်ဝန်းတွေနဲ့ကြည့်နေသောဂျောင်ဂု တယောက်ဆော့ဂျင်ကြောင့်ရိပ်မိသွားမှာလည်းစိုးပါသေးသည်။

//No Name// [ Completed ]Where stories live. Discover now