Unicode
အတန်းဆရာမှဆင်းလို့ရပြီလို့ပြောတာနဲ့အတူကျောင်းခေါင်းလောင်းထိုးသံဟာလည်းတပြိုင်နက်တချိန်တည်းတွင်ထွက်ပေါ်လာသည်။
တချို့ကျောင်းသားတွေကတော့စာအုပ်တွေကိုအလျင်အမြန်ကောက်သိမ်းကာဖြင့် မာရသွန်အပြေးပြိုင်ပွဲလိုသဘောထား၍စက်ဘီးတွေဆီသို့
ပြေးသွားကုန်ကြသည်။"ဟေ့ကောင်ထယ်ယောင်း...ပြန်မယ်လေကွာ"
"ငါနေအုံးမယ်"
"ဇွဲကမလျော့သေးဘူးလား"
ဘာမှပြန်မပြောတော့ဘဲခေါင်းသာညိမ့်ပြလိုက်တော့သည်။
ဒီကောင်ကြီးနဲ့လည်းစက်ဘီးပိုင်ရှင်ကိုညေနဆိုစောင့်စောင့်နေရတာအမော။
ကြာတော့လည်းသနားလာလေပြီ။
အဲ့စက်ဘီးနဲ့အတိတ်ဘဝကဘာတွေရှိခဲ့လို့လည်းမသိ။"ဒါဆိုငါသွားပြီ"
ပုခုံးကိုပုတ်ပြီးသာထွက်ခဲ့လိုက်တော့သည်။
မိနစ်တွေ၊စက္ကန့်တွေတရွေ့ရွေ့နဲ့ကုန်သွားတာကိုကြည့်လိုက်။
ရောက်မလာသေးတဲ့စက်ဘီးပိုင်ရှင်လေးကိုငေးကြည့်လိုက်။နောက်ဆုံးညနေတာစောင်းသွားသည်။
ထိုပိုင်ရှင်အားပေါ်မလာသေး။ဒါတော့တကယ်လွန်တယ်။အချိန်ပြည့်စောင့်နေတာတောင်ဘာလို့ဘာတွေလုပ်နေလို့ပေါ်မလာရတာလည်း။
စိတ်ပေါက်ပေါက်နဲ့လွယ်အိတ်လွယ်ကာအိမ်ပြန်ခဲ့လိုက်သည်။
ပါးစပ်ဖျားကနာမ်စားတစ်ခုကိုရွတ်ရင်း
/အမည်မသိကအမြင်ကတ်ဖို့ကောင်းတယ်/
အတန်းထဲမှာသူတစ်ယောက်တည်းရှိနေခဲ့တယ်လို့ထင်ခဲ့မိရင် အဖြေကမှားသွားနိုင်လား.....?
ဒိုင်ယာရီစာအုပ်လေးကိုအံဆွဲထဲမှထုတ်လိုက်သည်။
ဦးစွာအနေနဲ့ (အမည်မသိ)ဆိုတဲ့နာမ်စားလေးကကြိုဆိုသည်။စာမျက်နှာတိုင်းမှာလက်ရေးကိုခပ်သော့သော့ရေးထားပြီး မညီညာစွာတည်ရှိနေလျက်။
~ဒီနေ့လည်းအမည်မသိကပေါ်မလာခဲ့ဘူး~
တကယ်ကိုစိတ်ရှုပ်စေခဲ့တဲ့ အမည်မသိ။
ငါ့ကိုတကယ်ဘဲဘာဖြစ်စေချင်နေတာလည်း။
ESTÁ A LER
//No Name// [ Completed ]
Romanceအပြာရောင်စက်ဘီးလေးကိုသာသဘောကျတာပါဆိုတဲ့ခေါင်းစဉ်အောက်မှာသူကိုယ်တိုင်နားမလည်သေးတဲ့(နာမ်စားလေးတစ်ခုရှိတယ်) //အမည်မသိ//တဲ့ အပြာရောင်စက်ဘီးလေးကိုသာသဘောကျတာပါဆိုတဲ့ခေါင်းစဉ်အောက်မှာသူကိုယ်တိုင်နားမလည်သေးတဲ့(နာမ်စားလေးတစ်ခုရှိတယ်) //အမည်မသိ//တဲ့ Taekook (...