1

3.1K 288 0
                                    

Unicode

( အထက်တန်းပထမနှစ်)

May, 6.5.2019

ကျောင်းကိုပြောင်းလာချိန်တွင်အရာအားလုံးဟာထယ်ယောင်းအတွက်သစ်လွင်နေတာတော့မဆန်းလှ။
ကျောင်းသားသစ်လည်းဖြစ်သည်မို့ခါတိုင်းထက်ကျောင်းကိုပိုပြီးစောလာခြင်းဖြစ်သည်။

သစ်ပင်၊ပန်းပင်တွေနဲ့ဝန်းရံထားသောကျောင်းတော်ကြီးအားတစ်ချက်မော့ကြည့်ပြီးစက်ဘီးရပ်ရန်အတွက်
နေရာရှာကြည့်လိုက်သည်။

"အာ..ဟိုမှာ"

ရောက်တာအစောကြီးမို့ထင်ပါရဲ့။
ရပ်ထားတဲ့စက်ဘီးတွေဟာလည်းတစ်စီးစနှစ်စီးစလောက်သာ။
ဒါလည်းကောင်းပါတယ်ကိုယ့်အတွက်နေရာရတာပေါ့။

"ဟေ့ ကျောင်းသားလေးဒီနေရာကအလယ်တန်းကကလေးတွေအတွက်၊မင်းတို့အတွက်က ဟိုသစ်ပင်ရဲ့အနောက်ဘက်က"

"ဟုတ်ကဲ့၊ကျေးဇူးပါဦးလေး"

စက်ဘီးလေးကိုတွန်းပြီးသွားတော့သိပ်မကြာလိုက် စက်ဘီးအပြာလေးက
သူ့မျက်လုံးထဲမှာခပ်ကြာကြာနေရာလာယူသည်။

တခါမှမမြင်ဖူး‌ေသးပါ။ဒီလိုအရောင်မျိုးနဲ့စက်ဘီး‌ပုံစံလေးကို။
ကိုယ့်စက်ဘီးနဲ့တော့အကွာကြီးကိုကွာလှသည်။

ဘာရယ်မဟုတ်အရောင်မှိန်နေပြီဖြစ်တဲ့ကိုယ့်ရဲ့မီးခိုးရောင်စက်ဘီးလေးကို
အဲ့စက်ဘီးပြာလေးဘေးမှာ
ဘေးချင်းယှဉ်၍ရပ်လိုက်သည်။

အနည်းငယ်မျှတော့ပိုအရောင်မှိန်သွားနိုင်ပေမယ့်ဒီစက်ဘီးပြာလေးဘေးမှာရပ်ထားရတာကိုကရင်မှာကြည်နူးမှူတစ်ခုဖြစ်ပေါ်စေခဲ့သည်။

အဲ့ဒီရက်က အမည်မသိရဲ့ဘီးပြာလေးကိုသာသူမတွေ့ခဲ့လိုရှင်ရင် အခုဆို
သူ့စိတ်တွေကအကုန်ပုံမှန်ဘဲဖြစ်နေမှာ။

အချိန်တွေကုန်ဆုံးသွားတာ နှစ်နှစ်တောင်ရှိ‌ခဲ့ပြီ။

"ဟေ့ကောင် ထ ထ သောက်ပျင်းကြီးမနေနဲ့ မုန့်သွားစားမယ်"

"သွားနှင့် လိုက်လာမယ်"

စိတ်ပြေလက်ပျောက်အကြောလေးလျော့ပြီးမှ ဆော့ဂျင်နောက်သို့လိုက်သွားလိုက်သည်။

//No Name// [ Completed ]Where stories live. Discover now