19

1.2K 163 0
                                    

Unicode

သီချင်းသံလေးက အိပ်ဆေးလိုပင် ခနအချိန်အတွင်းအမြန်ဆုံး‌ေမှးစင်းသွားခဲ့သည်။
အိမ်မက်ထဲထိတော့ စိတ်ညစ်မှူတွေပါမလာပါနဲ့လို့ ဆုတောင်းမိသည်။

အိပ်ချင်နေတယ်ဆိုတာသူညာပြောနေ‌တာဖြစ်မယ်ထင်ပါရဲ့။
လုံးဝအိပ်မပျော်ဘူး။
ဂျောင်ဂုကိုမြင်ရင် ပိုငိုချင်တာမို့တမင်
မျက်လုံးကြီးကိုပိတ်ထားလိုက်တော့သည်။

"အိပ်သွားတာမြန်လိုက်တာ"

ဆံပင်လေးကို လက်လေးဖြင့်ဖွဖွလေးကိုင်လိုက်သည်။
စိတ်တွေညစ်နေတယ်ထင်ပါသည်။
မင်း ဆိုတဲ့မျက်နှာထက်က
စာမျက်နှာတွေကို အလွတ်ရနေသူမို့
စိတ်ရှုပ်စရာတွေကိုခေါင်းထဲမထည့်ပါနဲ့။

အရင်ကလိုဆို သိပ်ပျော်နေတဲ့ပုံရိပ်တွေမြင်ရမှာ။
မင်းနဲ့မလိုက်ဖက်လိုက်တာ။
လက်တွေကိုဖွဖွလေးဆုပ်ကိုင်လိုက်ပြီး
မှန်ဘောင်ပေါ်တွင်တင်ထားသော
ခေါင်းလေးကို ဖြည်းညင်းစွာဖြင့် ပုံခုံးပေါ်တွင်ထားလိုက်သည်။

တဖြည်းဖြည်းချင်း သူ့ခေါင်းလေးကလည်း ကိုယ့်ပေါ်သို့မှီလာလေသည်။
အိပ်ပျော်သွားသည်ထင်သည်။
အိပ်ပျော်ချင်ယောင်ဆောင်နေတာမရိပ်မိလိုက်လို့တော်ပါသေးသည်။
ရင်တွေခုန်နေပြန်သည်။
သို့သော် ခွဲရမည့်နေ့ရက်တွေတွေးရင်း
ပြိုလဲနေခဲ့ပြန်သည်။

ဘယ်လိုလုပ်ရမလည်းဂျောင်ဂု။
ငါ့အပေါ် ဆရာလုပ်တတ်တဲ့မင်းကိုမေးမယ်။
မင်းနဲ့ခွဲသွားသင့်လားလို့။

သူတို့နှစ်ဦးမှအပ ကျန်သောသူတွေသည် သီချင်းတွေဖွင့်ကာ မြူးထူးနေကြသည်။
မတူညီသောအကြောင်းတွေကိုယ်စီတွေးရင်း
တူညီတဲ့ခံစားချက်မှတ်တိုင်တွေဆီမှာ
ရပ်နေကြတယ်။
တဒုတ်ဒုတ်ခုန်နေတဲ့ရင်ခုန်သံတွေကတော့ မျက်ရည်စက်တွေဘဲဖြစ်လိမ့်မည်။

"ဆင်းကြရအောင် ကောင်လေးတို့"

ဆူညံ့ပွက်လောရိုက်ကာ အားလုံးတန်းတူပြေးသူကပြေးဖြင့် ဆင်းသွားကြသည်။

"ဟေ့ ကောင်လေးတို့ ဆင်းမယ်"

"ဗျ ‌ဗျာ ဟုတ် ဟုတ်"

//No Name// [ Completed ]Where stories live. Discover now