30

1.3K 150 16
                                    

Unicode

" ဂျောင်ဂု..... "

" ဗျာ "

"ဂျောင်ဂု.............လို့"

"ဗျာ....ဗျ"

" ဝေးသွားရင် ဘယ်လိုလုပ်မလဲငါတို့"

" နီးစပ်အောင်ပြန်လုပ်မှာပေါ့ "

" နီးစပ်အောင်လုပ်ရင်းနဲ့ တသက် အု

အတွေးထဲက အထင်ကရတွေလျှောက်တွေးနေတဲ့ ချစ်ရသူစကားတွေကိုဂျောင်ဂုထပ်ပြီးနားထောင်လို့မရတော့။
ဒါကြောင့် တရေစပ်ပြောနေတဲ့နှူတ်လေးတိတ်သွားအောင် အနမ်းတခုနဲ့ရပ်လိုက်ရုံခြင်းသာ။

" ဟိတ်.....ကိုယ်‌တို့တွေ့ဖို့က ဒီအကြောင်းတွေပြောဖို့လား "

"အဲ့လိုတော့မဟုတ်ပေမယ့် ကြောက်တယ် ဘာမှမဟုတ်ဘဲနဲ့"

" အချစ်ရာ....မဟုတ်တမ်းတွေမတွေးပါနဲ့၊ ခုလက်ရှိမှာကိုယ်တို့ နီးနေကြတယ်လေ"

" အကယ်၍ဝေးသွားရင်မမေ့ကြေးနော်"

"အဲ့ကတိကို ကိုယ်မကြိုက်ဘူးထယ်
ဝေးသွားမှာမဟုတ်ဘူးလို့ဘဲယူဆပေးပါနော် အချစ်"

" အင်းပါ ထပ်ပြီးမပြောတော့ဘူး ယုံ"

ရှေ့ကရေကန်ပြင်ကျယ်မှာ ကြာပွင့်ကလေးတွေစီရီစွာပေါက်ရောက်နေကြလျက်။ မစိုတစို မြက်ခင်းနုနုလေးပေါ်မှာ ကျောင်းပြန်ချိန်ပြီးကတည်းက
ပြန်ရမယ့် ခရီးတိုတွေဆီမဦးတည်သေးဘဲ စကားတွေသီဖွဲ့ကာပြောနေကြသည်။

ပန်းနုရောင်ဖြာသန်းနေတဲ့ကောင်းကင်ကြီးကတော့ သူတို့နှစ်ဦးရဲ့အချစ်စကားတွေကို
နားမထောင်ချင်ဘဲနားထောင်နေပါတော့၏။

" အော် ဒါနဲ့မင်းကိုပေးစရာရှိတယ်"

အုန်းညိုရောင်ဆန်ဆန်ရှိတဲ့ ဂျပ်ဖာဘူးလေးထက်မှာ ကြိုးတစ်ချောင်းမှရစ်ပတ်ထား၏။ ဖြည်းဖြည်းချင်း ကြိုးတွေကို ဖြည်နေတဲ့ သူ့လက်ချောင်းသွယ်လေးတွေကို မနေနိုင်စွာနမ်းရှူံးမိပါတော့ မျက်နှာလေးကရှုံ့တွလာကာ
" ဒီမှာဖြည်နေတယ်လေ " ပက်ခနဲပြန်စွာသည်။ တယ်လည်းချစ်ဖို့ကောင်းတဲ့ကိုယ့်ကောင်လေး။

" ဒီမယ် ရပြီ တန့် တန့် တန့်"

" ဒါတွေကဘာတွေလဲ"

//No Name// [ Completed ]Where stories live. Discover now