3

2.2K 226 3
                                    

Unicode

အခုရက်ပိုင်းအတွင်းအမည်မသိကိုလျစ်လျူရှူထားမိသည်။
ကိုယ့်ရဲ့တနေ့တာနေ့ရက်တွေကိုအမည်မသိ မပါဘဲဖြတ်သန်းရတာအနည်းငယ်
တော့ငြီးငွေ့ဖွယ်ကောင်းလှသည်။

အရင်ကဆိုအမည်မသိကိုရှာဖို့ဘယ်လိုလုပ်ရမလည်းဆိုတာဘဲတွေးနေတာ။
ဒီလိုကျလုပ်စရာဘာတစ်ခုမှမရှိပေ။

//အမည်မသိ မပါတဲ့နေ့ရက်တွေကပျင်းစရာကောင်းခဲ့မှန်းမသိခဲ့ဘူး//

ပါးစပ်ထဲကလွှတ်ခနဲထွက်မိသွားပြန်ပြီ။‌ အမည်မသိ ကဘာလို့လျစ်လျူရှုထားတာတောင်ပေါ်လာရတာလည်း။

*အမည်မသိစုတ်*

မင်းကိုမုန်းတယ်။ငါ့အတွေးထဲမင်းအပိုင်သိမ်းနေလို့ကိုမုန်းတာ။

စက်ဘီးအပြာလေးအားကြည့်ကာ
သူ့ မကျေနပ်ချက်တွေကို လာပေါက်ကွဲနေမိသည်။

ရူးနေတယ်လို့ထင်ရင်လည်းမတတ်နိုင်ဘူး။ ဒါတွေအကုန် အမည်မသိကြောင့်။

ဒါပေမယ့်အမည်မသိကိုသိချင်မိတယ်။

စိတ်ပေါက်ပေါက်လမ်းလျှောက်သွားနေရင်း ရောက်သွားသော
နေရာက

သရဲအိမ်ထက်ပိုဆိုးသည်။

{ စာကြည့်တိုက် }

"ဝင်လေ...ကင်မ်‌ထယ်ယောင်း"

ကြိုဆိုသူကလည်း ဆရာဆိုတော့
ဟန်ဆောင်အပြုံးလေးဖန်ဆင်းပြီးဝင်သွားရသည်။

ဒီခြေထောက်တွေကလည်း ကန်တင်းရောက်သွားတော့ဘာဖြစ်မှာလည်းလို့။

ကျောင်းစာကြည့်တိုက်ဆိုတာ ချက်ချင်းဝင်ပြီးချက်ချင်းပြန်ထွက်ရတဲ့ နေရာမဟုတ်။
အတွင်းထဲဝင်ပြီးတာနဲ့ 2 နာရီစာမဖြစ်မနေလုပ်ရမည်။

အချစ်ဝတ္ထုရှိဖို့နေနေသာသာ အိပ်ဆေးတွေဘဲရှိသည်။

ဟန်ပြအနေနဲ့ စာအုပ်ယူပြီးရေးချင်ရာတွေရေးနေလိုက်သည်။

ကိုယ်ပိုင် Note ဆိုတော့ ဘယ်သူမှဝင်စစ်လို့မှမရတာ။

~ အမည်မသိစုတ် , အမည်မသိစုတ်, အမည်မသိစုတ်~

ဘယ်နှနာရီရှိနေပြီလည်း
မသိဘူး။ထိုင်နေတာတော့အတော်ကြာပြီ။ဖင်တွေလည်းကျိန်းနေပြီ။

//No Name// [ Completed ]Where stories live. Discover now