22

1.2K 146 2
                                    

Unicode

အရာအားလုံး ပြောင်းလဲသွားခဲ့ပြီ။
ထို ခရီးကနေစတင်ခဲ့တဲ့ ဘာမဟုတ်တဲ့ဇာတ်လမ်းလေးတခုအစချည်ရင်းပေါ့။
ရယ်စရာကောင်းတယ်မလား။
အရမ်းကိုရင်းနှီးခဲ့ကြတဲ့သူတို့က
မေးခွန်းလေးတခွန်းကနေ သူစိမ်းတွေဖြစ်သွားခဲ့ကြတယ်။

လိုက်ဖက်တဲ့သူစိမ်းတွေတော့ဖြစ်ခဲ့ကြပါရဲ့။

"‌မင်း ကြည့်လိုက်တိုင်း မှိူင်နေတာချည်းဘဲအရင်လို ပျော်ပျော်နေစမ်းပါဟ ! "

"မင်းကလည်းပုံမှန်ပါဘဲ"

"မင်းကသာ ပုံမှန်နေတာ မင်းကြည့်တာနဲ့အရမ်းသိသာတယ်၊ဘာလဲ ရည်းစားအပူကပ်နေတာလား ? "

"ရူးနေလား ငါ့ ငါ့ မှာ ရည်းစားမှမရှိတာ"

"ဟုတ်ပါပြီကွာ ငါလည်းရိုးရိုးမေးတာပါ အဲ့လောက်တုန်ရီမသွားနဲ့"

"ပုံမှန်ပါဘဲဆို သွားကွာ ဆရာမလာခင်ငါအိပ်အုံးမယ်"

ခရီးကပြန်လာပြီးနောက်ပိုင်း အမြဲမှိုင်ထွေနေတော့တာ။ဘာကြောင့်လဲလို့သူ့ကိုယ်သူပြန်မေးခွန်းမထုတ်ချင်။
အကြောင်းအရင်းက ကိုယ်ကနေအစချည်ခဲ့တာမလား။
လက်ရှိကတည်းက ဂျောင်ဂုအနေနဲ့သွားမပတ်သတ်မိဘဲ အမည်မသိအနေနဲ့ဘဲ တိတ်တခိုး ချစ်နေရမှာ။
ခုတော့ ပျော်ပျော်နေတတ်တဲ့ သူ့ပုံရိပ်လေးတွေက ဝေးသထက်ဝေးလာလေစွ။

သူတို့နှစ်ဦးဇာတ်လမ်းက ပြီးသွားကြတာတော့ မဟုတ်‌ပါဘူးနော်။

နေ့လည်ခင်းထမင်းစားချိန်တွင် လည်း
အစားကိုကောင်းကောင်းမစားပါ။အပြင်ကိုသာထိုင်ကြည့်နေသည်။
အရင်လိုနီးနီးကပ်ကပ်ရှိနေမယ်ဆို အပြည့်ဝဂရုစိုက်ပေးမိမှာပင်။
အဝေးကနေဘဲ အရိပ်တခုလိုပြန်ကပ်တွယ်နေမိတော့ အနည်းငယ်ကျဉ်းကြပ်လှပေသည်။

ဟိုးတချိန်ကလိုအဝေးကဘဲအရိပ်ကလေးသဖွယ်စောင့်ကြည့်နေမိတယ်။
ဒါပေမယ့် ကျွန်တော်တို့နှစ်ဦးစိတ်တွေကဝေးကွာနေခဲ့ပြီ။

ထမင်းပန်းကန်ကိုသူ့ရှေ့သို့သွား‌ချလိုက်သည်။
သူ့အပြုအမူတွေကစိမ်းသက်နေသည်လို့ကောင်းကောင်းကြီးခံစားရသည်။

//No Name// [ Completed ]Where stories live. Discover now