26

1.2K 151 12
                                    

Unicode

"ထယ်ယောင်း လက်မှတ်လေး ငါ့ကျောပေါ်"

ပြန်တော့မလိုလုပ်ရင်း အတန်းထဲမှတယောက်က လက်မှတ်ထိုးပေးပါလို့ ဆိုတာနဲ့ မှင်‌ပန်းရောင်ခပ်စိုစိုလေးနဲ့ ကျောပေးထားသည့် ကျောပေါ်သို့ လှလှလေးထိုးပေးလိုက်သည်။
ဒီလိုကျလည်း မိမိကိုယ်ကို Idol လို့တင်စားမိသည်။

လွယ်အိတ်ကိုလွယ်ရင်း အမြင်အာရုံထဲမသိမသာရောက်လာသည့် ဂျောင်ဂု။
ဝါကြဲကြဲလျက်ရှိပါတဲ့ မြက်ခင်းခြောက်ပေါ်မှာ ကျွန်တော်သဘောကျရတဲ့ အဝါရောင်လက်ရှည်လေးနဲ့ ရပ်နေသည်။
သူ့ဆီကိုတွန်းသွားမှ ကျောင်းထွက်ပေါက်ကိုရောက်မှာကြောင့် ရင်ခုန်သံတွေကို လျစ်လျူရှူပြီး အမြန်သွားမိသည်။

ဘယ်ချိန်ကဘယ်လိုလုပ်ပြီးရောက်လာလည်းမသိ။တဖက်လမ်းမှ စက်ဘီးသံလေးကြားတာကြောင့် ဘေးသို့လည့်ကြည့်မိ‌ပါတော့ ဂျောင်ဂု။
သွားတဲ့လမ်း‌ဦးတည်ရာခရီးတွေကမတူညီကြပေမယ့် သူတို့နှစ်ဦး၏ရင်ခုန်သံတွေကတော့ ထင်ထင်ရှားရှားကိုပင် တူညီနေကြသည်။

ပါးစပ်ဖျားကနေစကားတွေမပြောကြတော့ဘူး။
အကြည့်တွေကနေတော့အများကြီးပြောဖြစ်ခဲ့ကြတယ်။

ဒယ်ဂူဆိုတဲ့အေးချမ်းတဲ့မြို့ငယ်လေးမှအိမ်တအိမ်တွင်ရှိသောကောင်လေးငယ်သည် အတွေးများနဲ့တင် ဝုန်းဒိုင်းကြဲနေလျက်ရှိသည်။

ပါးလွှာနေဟန်ရှိတဲ့ စာအိတ်အသေးလေးအား ဖွင့်မည်အပြု ရင်တွေသည် မြင်မတွေ့ရသေးသည့်စာသားတချို့ကို မြင်ယောင်ပြီး ဝုန်းဒိုင်းကြဲနေသည်။
မနေ့ညက ဖတ်မယ်လို့ ကြံရွယ်ထားပါသော်ညားလည်း ရင်တွေခုန်နေရင်းနဲ့ကိုအိပ်ပျော်သွားလေသည်။

ဘေးနား၌ရှိသော White Cosmos ပန်းအချိူ့ကလည်း ဖတ်စေချင်နေသယောင်ပြုနေသလို။တိုးဝှေ့လာသော လေပြေအေးလေးတွေသည်လည်း သူ့အားကျီစယ်နေသလားလို့တောင်ထင်ရပေသည်။

နောက်ဆုံး ဖြစ်ချင်တာဖြစ်ဟု တကိုယ်ရည်စာ ရေရွတ်ပြီးနောက် စာအိတ်လေးကို နူးနူးညံ့ညံ့ဖွင့်မည့်လက်တွေက
အကြမ်းပတမ်းဖြင့် ဆွဲဖြဲပလိုက်တော့သည်။

//No Name// [ Completed ]Where stories live. Discover now