10

1.6K 202 2
                                    

Unicode

အမှန်မဟုတ်သောပုစ္ဆာတစ်ပုဒ်။

တစ်လတိတိလျစ်လျူရှုထားမှူတွေကို
ကိုယ်တယောက်တည်းအသိဆုံးလို့ထင်ခဲ့မိသည်။ဒါပေမယ့် အဲ့နေ့ကသူ့ပါးစပ်ဖျားကနေထွက်လာသောစကားက

"ရှောင်နေတာလား"

ကိုယ်ထင်ထားတာနဲ့‌ကောင်းကောင်းကြီးကိုလွဲသွားစေခဲ့သည်။

ပူလောင်အိုက်စပ်လှသောနွေရာသီ၏အစ။စာမေးပွဲကြီးတွေပြီးဆုံးသွားလို့ နွေကျောင်းပိတ်ရက်ကာလကြီးလည်းအချိန်နဲ့တပြေးညီစွာ
ပြီးဆုံးသွားခဲ့သည်။
ကျောင်းကိုအရင်နှစ်ကနဲ့မတူဘဲစိတ်သစ်လူသစ်နဲ့အစောကြီးရောက်လာဖြစ်သည်။
နှစ်စ ဆိုသည့်အတိုင်း အတန်းထဲကိုကျောင်းသား/သူ အသစ်တွေကတော့ရောက်လာစမြဲ။

တယောက်ပြီးတယောက်ရောက်လာခဲ့ပြီးနောက်ဆုံးစာသင်ချိန်များကဦးစွာကြိုဆိုလျက်။ပထမနေ့လည်းဖြစ်သည်ကြောင့်နည်းနည်းလောက်ဘဲသင်သွားကြသည်။နွေရဲ့နေရောင်ခြည်ဓာတ်ကလည်းအားပြင်းလှစွာရှိသည်။

ကိုယ့်စာရေးခုံနေရာအားနေအရမ်းထိုးနေတာကြောင့် ပြတင်းပေါက်နားမှ
ထိုင်နေသောသူအား တချက်လှမ်းကြည့်လိုက်တော့ အပြင်ကိုတငေးတမောဖြင့်ကြည့်နေသည်။

ဘာတွေကများထူးဆန်းနေလို့အဲ့လောက်တောင်ကြည့်နေကတာလည်းလို့ မေးခွန်းထုတ်လိုက်ချင်ပါသည်။
သွားရောက်၍မပြောဖြစ်ခဲ့။
မဲမှောင်သန်းနေတဲ့အုံထူလျက်ရှိတဲ့
ဆံပင်ကောက်လေးတွေကဖုံးနေသဖြင့်
ထိုလူအားသေချာမမြင်လိုက်။

နေရောင်အရမ်းထိုးနေပေမယ့်လည်းအဆင်ပြေပါတယ်။

အိပ်ယာထရာတွင်ကျောင်းတက်ချိန်လောက်မှထမိတာကြောင့်အတန်းထဲရောက်တော့ဆရာ့ဆူသံကိုနားထောင်ပြီးမှသာစာကိုသေချာသင်ရသည်။
အတန်းချိန်တွေအားလုံးပြီးလို့
ဆရာမှ အတန်းဆင်းလျှင်အခန်းသန့်ရှင်းရေးလုပ်ဟု အမိန့်ပေးမှူကြောင့်တော်တော်နဲ့မပြန်ရဘဲ အခန်းထဲတွင်အချိန်တော်ကြာလုပ်နေခဲ့သည်။

မှန်ပြတင်းပေါက်နေရာအား သန့်ရှင်းနေချိန် လှမ်းမြင်လိုက်ရသောမြင်ကွင်းလေးကသူ့အတွက် သိပ်ကိုချစ်စရာကောင်းနေခဲ့သည်။
သူ့စက်ဘီးကို ကလေးသဖွယ်ညင်သာစွာကြည့်နေပြီးပါးစပ်ဖျားလေးမှလည်း တတွပ်တွပ်ပြောနေသောလူတစ်ဦး။
ဒါမနေ့က ပြတင်းပေါက်နားမှာထိုင်တဲ့
ဆံပင်ခပ်ကောက်ကောက်နဲ့ကောင်လေး။

//No Name// [ Completed ]Where stories live. Discover now