28

1.2K 156 11
                                    

Unicode

စာမေးပွဲကြီးပြီးဆုံးသွားတာနဲ့ စိတ်လွတ်ကိုယ်လွတ် ထွက်ပြီးပျော်ပါးမယ့်ထဲမှာ ဂျောင်ဂုမပါခဲ့။
အခန်းထဲဂိမ်းဆော့ရင်းနဲ့သာအချိန်တွေကတိုက်စားသွားခဲ့သည်။
အပြင်ထွက်မည်ကြံတော့ နေရာတိုင်းက သူ့အငွေ့အသက်တွေနဲ့လွမ်းမောစရာတွေချည်း။

လေ၏အရှိန်ကြောင့်လိုက်ကာစ‌ေတွဟာလည်း လွင့်ပျံ့နေကြသည်။
နွေရဲ့လေတွေဟာလည်းသဘာဝအတိုင်းလတ်ဆတ်လို့ပင်။
နေရောင်ခပ်ကြဲကြဲအောက်မှာ အလွမ်းတေးတွေညီးနေရှာတဲ့ကောင်လေးတစ်ယောက်၏အသံသာလွှမ်းမိုးနေလျက်။

ညမအိပ်အောင်ကော်ဖီထိုင်သောက်လိုက် စာဖတ်လိုက်နဲ့ စိတ်တွေလှုပ်ရှားနေပါသည်။ ရင်တွေလည်းအရှိန်မပြတ်ခုန်နေသဖြင့် ဖတ်နေတဲ့စာ‌ကိုလည်း
ဇိမ်ပြေလက်ပြေမဖတ်နိုင်။
အိပ်ယာပေါ်လှဲတော့လည်း မအိပ်နိုင်။
မနက်မိုးလင်းတော့မည့် အချိန်ကိုသိပ်ရောက်ချင်ပါသည်။

မရောက်တာအတော်ကြာပြီဖြစ်တဲ့ကျောင်းတော်ကြီး။လူအုပ်တွေကြားမှာ
အမှတ်စာရင်းကြည့်ဖို့ ‌အရှေ့နေရာယူရတာမလွယ်လှ။ စည်ကားသိုက်မြိုက်နေသောကျောင်းဝန်းကြီးက သိပ်ကိုလှပေမယ့် ရင်ဘတ်ထဲ မှာ လစ်ငှာနေသည်။

ကိုယ့်ကျောင်းသားလေးရောဒီလာမယ်မှတ်လား။

သစ်ရွက်ခြောက်တွေနဲ့ရှုပ်ပွနေတဲ့ စက်ဘီးထားနေကျမြေကွက်လပ်အသေးလေး။ ရွက်ဟောင်းတွေကြွေတဲ့ထဲမှာ ကျွန်တော့်ရဲ့သစ်ရွက်လေး
ကြွေကျလာရင်ကောင်းမယ်။

ညထိ ထိုသစ်ပင်ကြီးအောက်ထိုင်စောင့်နေပေမယ့် မျှော်နေသောအရိပ်အယောင်လေး တစ်စက်ကလေးမျှမတွေ့ရ။

ဒီနှစ်ရဲ့နွေဦးကလွမ်း‌ဆွတ်စရာတွေချည်းပါဘဲလား။

အမှတ်စာရင်းအလိုက် ကိုယ်နဲ့မှီတဲ့ ကျောင်းကိုတက်ရမည်လေ။
အဖေက စီးပွားရေးမေဂျာယူခိုင်းသည်။ အမှတ်လည်းမှီသည်။
သို့ပေမယ့်သူ့စိတ်တွေမဖြောင့်ဖြူးသေး။
ဒယ်ဂူမှာသွားတက်ရင်အဖေများဆူလေမလား။

"အဖေ "

"အေးပြောလေ"

"သား စီးပွားရေးမေဂျာကိုဒယ်ဂူပြောင်းပြီးတက်ချင်တယ်"

//No Name// [ Completed ]Where stories live. Discover now