24

1.2K 155 4
                                    

Unicode

"ဘာမဆိုလုပ်ပေးချင်တယ်"

နက်နဲစွာစိုက်ကြည့်လာတဲ့ အကြည့်တွေကို ကျရှူံးပါများနေလို့ ရှောင်လွှဲလိုက်တော့သည်။

"အပိုတွေလာလုပ်နေတယ်"

"ဘယ်လိုလုပ်ရင်ယုံမလဲ"

"ဒါဆို...../

"ကျန်တာတွေအကုန်လုပ်ပေးလို့ရတယ်
ဟိုစကားကလွဲလို့"

မျှော်လင့်ချက်တွေမထားတာအကောင်းဆုံးဘဲ။
တကယ်မဟုတ်တဲ့အခါ သိပ်ကိုခံစားရခက်တယ်ထယ်ယောင်းရ..။

"ကောင်းပြီလေ၊ ငါကိုတစိမ်းတယောက်လို့ အပြီးပိုင်သတ်မှတ်ပေး ဒါနောက်ဆုံးစကားဂျောင်ဂု၊ဘယ်လိုလည်း"

ငူငူငေါင်ငေါင်ကြီးရပ်နေဆဲ။အချိန်တွေကရပ်တန့်သွားသလို။ကိုယ်တန်ဖိုးထားရတဲ့ ပစ္စည်းကပျောက်ဆုံးသွားသလိုမျိူး။ ဒီစကားတခွန်းက ဓါးသွားသထက်လိုဘဲ။
သူ ဘာမှမတုံ့ပြန်လိုက်ပါပေတော့။

"ကောင်းပါပြီ"

လေပေါ်မှာဝဲနေတဲ့စွန်လေးလိုကိုယ့်ဆီနီးလာလိုက်။ဝေးသွားတော့လည်းတိမ်စိုင်တွေအဆုံး။ ကိုယ်လွှတ်ခဲ့တဲ့စွန်ဘဲ။
ကိုယ်ကိုကိုယ်တိုင်အဆုံးသတ်ရမှာပေါ့။

မျက်ရည်တွေသည်အဆက်မပြတ် ပါးပေါ်မှာ မဖိတ်ခေါ်ဘဲကျရောက်လာတယ်။မခံနိုင်တော့တဲ့အဆုံး လူတွေရဲ့အဝေးမှာ အကျယ်ကြီးအော်ငိုပစ်လိုက်တော့သည်။

"ကင်မ်ထယ်ယောင်း ဘယ်လိုတွေရိုက်နေလည်း ပြိုင်ပွဲလာတော့မှာနော် ! "

"တောင်းပန်ပါတယ် ဆရာ"

‌ဆရာ့ရဲ့အော်ကျယ်မှူကြောင့် ဂျောင်ဂုအပါအဝင် တသင်းသားလုံးဝိုင်းကြည့်နေကြသည်။ အရင်ကနှစ်လိုဖွယ်မျက်ဝန်းတွေဖြစ်ခဲ့ပေမယ့် ခုအဲ့မျက်ဝန်းတွေကိုမုန်းတယ်။

ဆူခံထိချိန်ဆို ကြားကနေသူရဲကောင်းလုပ်ပေးတဲ့ကောင်လေးက
မရှိလေတော့ပြီ။

အိမ်ပြန်ချိန်စက်ဘီးကိုစီးရတာအကြိုက်ဆုံးဖြစ်ပေမယ့် စိတ်တွေကလေးလံနေခဲ့သည်။ တစုံတခုမရှိနေတာလိုလို။

" သားထယ်ယောင်း "

အိမ်ပြန်ရောက်ရောက်ချင်း အမေက ဧည့်ခန်းမှာအသင့်စောင့်နေသည်။ခါတိုင်းဆို ဒီချိန်ကအမေ့ရဲ့ဟင်းချက်ချိန်ပါ။ဟင်းနံ့လည်းမရတော့ အမေညစာမချက်ထားမှန်းသိသာသည်။
စက်ဘီးရပ်ပြီးတာနဲ့ အမေ့နားဆီသွားထိုင်လိုက်သည်။

//No Name// [ Completed ]Where stories live. Discover now