အပိုင်း ( ၁ )

2.2K 131 10
                                    

Unicode>>>>>

အချိန်ကား ‌နံနက်လေးနာရီအတိပင်။လင်းကြက်တွန်သံနဲ့ ရွာဦးဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်သံကြောင့် ညို အိပ်တဝက်နိုးတဝက်နဲ့ အိပ်ယာနိုးလာခဲ့သည်။ညိုမျက်နှာသစ်ပြီးသိပ်မကြာ ဆွမ်းချိုင့်ပို့သူကပို့၊ လယ်တောသွားဖို့ပြင်သူကပြင်နဲ့ အိမ်တိုင်းလိုလို လူသံ၊ပန်းကန်သံတွေနဲ့ တစ်နေ့တာကိုအစပြုနေကြတော့သည်။

"ညို ညိုရေ......မင်း မျက်နှာသစ်ပြီးရင် ကြီးတိုးဆီလာပါဦး........."

"ဟုတ် လာပြီကြီးတိုး........ဘာခိုင်းမလို့လဲ........"

"အေး ဒီနေ့ လယ်ထဲရေသွင်းသွားရမှာဆို.......အဲ့ဒါ မင်းရေသွင်းပြီးပြန်လာတာ စောသေးရင် အပြန်ကျ ရွာဈေးကိုဝင်ပြီး ငါးသည်မလှမြိုင်ဆီက အကြွေး ငါးထောင် ဝင်တောင်းခဲ့ဦး........."

"ဟုတ် ကြီးတိုး.........ညိုတောင်းခဲ့မယ်စိတ်ချ........ပြီး‌တော့ရော ဘာထပ်မှာဦးမလဲကြီးတိုး.......ညိုရေသွင်းပြီးပြန်လာရင် စာကြည့်ချင်သေးလို့.........."

"မရှိတော့ဘူးညို........ဒါနဲ့ ကျူရှင်ဘော်ဒါတွေမနေပဲ မင်းစာလိုက်နိုင်ပါ့မလား.......ကြီးတိုးတို့ထားပေးရမလား.......မင်းတစ်ယောက်စာတော့ထားပေးနိုင်ပါတယ် အားမနာပါနဲ့........"

"ရပါတယ်ကြီးတိုးရဲ့.........ခင်လင်းတို့ မြတ်လင်းတို့လည်း ရှစ်တန်းရောက်နေပြီ.........သူတို့ဆယ်တန်းရောက်မှ ဘော်ဒါကောင်းကောင်းမှာထားလိုက်ပါကြီးတိုးရဲ့.........ညိုကရပါတယ်........"

ညို ဆန်းရိပ်ညို!ရုပ်‌လေးက ညိုချောနဲ့ လူရည်လေးကလည်းသန့်ပေမဲ့ မိဘတွေက စွန့်ပစ်ထားခဲ့တော့ ရွာဦးဘုန်းကြီးကပဲ မွေးစားထားရတဲ့ကလေး၊တစ်ရွာလုံးရဲ့အချစ်တော်လေးဆိုလည်းမမှား၊လူတကာမတည့်တဲ့ လှမြိုင်နဲ့တောင် သူကတည့်အောင်ပေါင်းနိုင်သည်။အဲ့ဒါ‌ကြောင့်လည်း လှမြိုင်ဆီက အကြွေးရစရာရှိလျှင် ညို့ကိုသာ တဆင့်တောင်းခိုင်းတတ်ကြသည်။

ညိုလေးက မိန်းကလေးဆိုပေမဲ့ ယောက်ျားလေးလိုပဲဝတ်စားတတ်ကာ ရွာထဲကရှိသမျှလူက သူ့အမျိုးချည်းပဲလို့ ထင်ရလောက်အောင်ကို အလုပ်တကာဝင်ကူညီတတ်တဲ့ကလေး၊ဘယ်လိုပင် ကျားယားနေပေမဲ့ မိန်းကလေးကမိန်းကလေးပေမို့ အသက်၁၂နှစ်ကျော်ကတည်းက ကြီးတိုးတို့အိမ်မှာပဲ အမြဲခေါ်ထားဖြစ်တော့သည်။

မပြိုသည့်မိုး ( Completed )Where stories live. Discover now