အပိုင်း ( ၂၄ )

748 70 7
                                    

Unicode>>>>>

"Happy Birthday My Son........."

"Thanks Daddy........"

ညို ဒယ်ဒီ့ပါးလေးကိုအနမ်းလေးပြန်ပေးလိုက်ကာ ဒယ်ဒီယူလာပေးတဲ့လက်ဆောင်ဘူးတွေကိုဖွင့်ကြည့်နေလိုက်သည်။

"Violin........."

ညို တယောလေးကိုမြင်တာနဲ့ တော်တော်ပျော်သွားရသည်။ညို တယောသေချာထိုးတတ်မှ ဖြူ့ကို surpriseအနေနဲ့ သီချင်းတစ်ပုဒ် ထိုးပြမယ်စိတ်ကူးထားခဲ့တာလေ။အဲ့ဒါကြောင့်လည်း ညို့အခန်းထဲ ဖြူလာနေတော့ တယောလေးကို ဒယ်ဒီ့အခန်းထဲခဏဖွက်ထားပေးခဲ့ရတာ။အခု ဒယ်ဒီက လက်ဆောင်အနေနဲ့ ဖြူမရိပ်မိအောင် အခန်းထဲကနေ ပြန်ယူလာပေးသည်လေ။

"မင်းပဲ တီးတတ်ချင်တယ်ဆို ဒါလေးရပြီဆိုတော့ သင်တန်းတက်ပြီးသင်တော့ပေါ့ကွာ.......ခဏနေဆင်းခဲ့နော် ကိတ်ခွဲကြမယ်............."

"ဟုတ် ဒယ်ဒီ........."

ထိုက် ဆန်းလေးကိုမျက်လုံးတစ်ဖက်မှိတ်ပြလိုက်ကာ ဆန်းလေးအခန်းထဲကနေပြန်ထွက်လာလိုက်ရင်း နောက်ပြန်လှည့်ကြည့်လိုက်တော့ သူ့ကောင်မလေးပါးကို တရှုံ့ရှုံ့နဲ့ကိုနမ်းနေတာမို့ နံ့သာလေးကို တော်တော်ချစ်ရှာတဲ့ကလေးပဲလို့ မှတ်ချက်ချလိုက်မိတော့သည်။

"ဖြူ အရမ်းလှနေတယ်........."

"ကိုရောပဲ အရမ်းချောပြီးသန့်နေတယ်.......ဒီနားကိုလာပါဦး ကို့ပါးလေးကိုအနမ်းလေးပေးချင်လို့..........."

ဖြူ ညို့ပါးကိုနမ်းလာတာနဲ့ ဖြူ့ပါးလေးကို ဘယ်ညာပတ်နမ်းနေလိုက်တော့ ဖြူ သဘော တွေကျကာ ရယ်နေရှာတော့သည်။

!ဒေါက် ဒေါက် ဒေါက်!

"နံ့သာ Brownie........"

"လင်းလက်ထင်တယ် ဖြူ........လာ ကိုတို့လာခေါ်တာပဲဖြစ်မယ်........."

ညို ဖြူ့ကိုပြောလိုက်ရင်း ဖြူ့လက်ကိုဆုပ်ကိုင်ထားကာ အခန်းတံခါးကိုဖွင့်လိုက်သည်။

"ဧည့်သည်တွေရောက်နေပြီတဲ့ အန်ကယ်ကလာခေါ်ခိုင်းလို့............"

"အင်း လာပြီနော်လင်းလက်........လာ အတူသွားကြရအောင်လေ........."

လင်းလက် နောက်မှ စကားတပြောပြောနဲ့ ပြုံးရယ်ပြီးလိုက်လာတဲ့ Brownieတို့အတွဲကိုကြည့်ရင်း လင်းလက်ပြုံးမိလာသည်။သိပ်ချစ်ကြတဲ့အတွဲမှာမှ ချမ်းယွန်းက ဝင်ရှုပ်ချင်ရတယ်လို့လေ ကို့ကိုယ်ကိုဒဏ်ရာပေးနေတဲ့ကောင်မလေးပဲ။

မပြိုသည့်မိုး ( Completed )Where stories live. Discover now