အပိုင်း ( ၃၀ )

3.3K 110 20
                                    

Unicode>>>>>

ညိုပြန်ကောင်းလာတော့မှာမဟုတ်ဘူးလား။နိုင်ငံခြားအထိ သွားကုဖို့ လိုလို့လားဟင် ညို ပြောပါဦး။ဖြူ စိတ်ဖြေသာအောင် တစ်ခုခုတော့ထပြောပါဦး ညိုရယ်။

"ဒယ်ဒီ သမီးလိုက်လို့မရဘူးလားဟင်........."

"ဟိုမှာ ဘယ်လောက်ကြာမယ်မသိနိုင်ဘူးလေသမီးရဲ့.......သမီးရဲ့တက္ကသိုလ်ဝင်ခွင့်တွေလည်း ကျလာတော့မှာလေ.........ကျောင်းလည်းဆက်တက်ရဦးမှာနဲ့ နေခဲ့ပါသမီးရယ်နော်........ဒယ်ဒီ သမီးဆီကိုအမြဲသတင်းပို့နေပါ့မယ်..........."

ဖြူ လက်ပြနှုတ်ဆက်လိုက်တော့ ဒယ်ဒီက Private Jet Planeကိုငှားကာ ညို့ကိုခေါ်ပြီး စင်ကာပူကို ဆေးကုသဖို့ထွက်သွားတော့သည်။

"နံ့သာ လာ ပြန်ရအောင်.........."

မေမီတို့သုံးယောက် နံ့သာကို လေဆိပ်ကနေပြန်ခေါ်လာလိုက်ကြသည်။နံ့သာကို ရွာကိုပြန်ပို့ဖို့ရာကတော့ နံ့သာရဲ့ဖေဖေက ကားနဲ့လာခေါ်မယ်ဆိုတာနဲ့ အန်ကယ်ထိုက်ဆန်းတို့အိမ်မှာပဲ စောင့်နေလိုက်ကြ၏။

ရက်တွေကြာ၊လတွေပြောင်းခဲ့ပေမဲ့ ဒယ်ဒီဆီကနေ ကြားရတဲ့ညို့သတင်းတွေကတော့ ထူးမလာခဲ့ပါ။လက်ချောင်းလေးတွေလှုပ်လာတယ်၊ဒီနေ့ အရေပြားအစားထိုးလုပ်ရတယ်လောက်သာ ကြားရသည်။ဖြစ်နိုင်မယ်ဆိုရင် ညို့ကိုပြေးပြီးသာ တွေ့လိုက်ချင်မိသည်။

"နံ့သာဖြူ ရှိလား နံ့သာဖြူ.........."

"ဟုတ် ရှိတယ် တီချယ်.........."

ဖြူ အတွေးလွန်နေတာနဲ့ တီချယ်နာမည်ခေါ်တာကိုမကြားလိုက်မိတာမို့ မတ်တပ်ထရပ်လိုက်ပြီး ပြုံးပဲပြုံးပြလိုက်မိ၏။ညိုသိရဲ့လား ဖြူလေ သွားဆေးမမှီဘူးညိုရယ်။သူနာပြုတက္ကသိုလ်ပဲ တက်ဖြစ်လိုက်တယ်သိလား။ဖြူ ကျောင်းပြီးတာနဲ့လေ ညို့အနားမှာအမြဲကပ်နေတော့မှာသိလား မြန်မြန်ပြန်ကောင်းအောင်လုပ်နော် ညို။

"နံ့သာ Brownieအကြောင်းတွေးနေပြန်ပြီလား..........."

"အင်းဟုတ်တယ် လင်းလက်.........ညို့ကို ဖြူတော်တော်လွမ်းနေပြီ.........."

"လင်းလက်မပြောသင့်မှန်းတော့သိပါတယ်နံ့သာရယ်.......ဒါပေမဲ့လည်းလေ မေ့လိုက်ပါတော့လားဟင်.........Brownieကလေ မသေရုံတမယ်ပဲ ဖြစ်နေတဲ့အနေအထားဖြစ်နေတယ်တဲ့ လင်းလက်တို့ကို ပြန်မှတ်မိပါ့မလားတောင် မသေချာဘူးတဲ့........."

You've reached the end of published parts.

⏰ Last updated: Jan 15, 2022 ⏰

Add this story to your Library to get notified about new parts!

မပြိုသည့်မိုး ( Completed )Where stories live. Discover now