အပိုင်း ( ၁၈ )

732 76 5
                                    

Unicode>>>>>

"ဒယ်ဒီ............"

"အေး ပြောလေ ဆန်းလေး.........."

"ကျွန်တော် ဖြူ့ကိုကြိုမပြောထားဘူးရွာကိုလာမယ်လို့..........."

"ဟေ.........မင်းကတော့လုပ်ပြီ.......မျှော်တော့မျှော်နေလောက်တယ်မင်းကို....... မနက်ဖြန် resultထွက်မယ့်ရက်ဆိုတော့........."

"အင်း.......ဒယ်ဒီဘယ်လိုထင်လဲ ကျွန်တော် အငြင်းခံရလောက်လားဟင်........"

"မငြင်းလောက်ပါဘူးကွာ........နံ့သာလေးက မင်းအပေါ်စိတ်ယိုင်နေပါတယ် စိတ်ပူမနေနဲ့ငါ့သား.........."

"ဟုတ် ဒယ်ဒီ........ကျွန်တော့်ဘေးမှာ ဒယ်ဒီရှိလို့တော်သေးတာပေါ့.......မဟုတ်ရင် ကျွန်တော်ဆယ်တန်းနဲ့ပဲ တင်းတိမ်လိုက်ရတော့မှာပေါ့..........."

"အဲလိုလည်းမတွေးပါနဲ့ဆန်းလေးရဲ့.......တကယ်ဆို ဒယ်ဒီတို့မိဘမပီသခဲ့တာပါ........."

"ရွာကလူတွေကကောင်းကြလို့တော်ပါသေးတယ်ဒယ်ဒီရာ........အဲ့ဒါကြောင့် ကျွန်တော်ကလေ ရွာကိုတစ်ခုခုပြန်လုပ်ပေးချင်နေခဲ့တာ......."

"အင်း ဟုတ်တယ် အဲ့ဒီရွာလေးကို ဒယ်ဒီတို့ကျေးဇူးကြွေးဆပ်ရမယ်......."

ညိုတို့သားအဖနှစ်ယောက် စကားပြောလိုက်၊ကားမောင်းလိုက်နဲ့  လေးနာရီလောက်ရောက်တော့ ရွာအဝင်လမ်းလေးကိုရောက်လာတော့သည်။ဒီလမ်းလေးတွေကို ညိုလွမ်းနေခဲ့တာ။ဒီဖုန်ထူတဲ့လမ်းလေးကို မနက်အစောတိုင်းရေဖြန်းထားတတ်ကြလို့ ရလိုက်တဲ့ မြေသင်းနံ့လေးကိုရှူရှိုက်ရတာက မြို့ကြီးကအငွေ့အသက်တွေထက် ပိုပြီးယစ်မူးချင်စရာကောင်းလျက်။

!တီ တီ တီ!

"ဟော ကိုစိုးမြင့် ဘယ်သူလာလဲမသိဘူးတော့.......သွားကြည့်စမ်းပါဦး........."

"ဟာ ထိုက်ဆန်း.......ညို........လာ ထိုင်ကြဦးကွာ........."

"ဦးစိုး........ဖြူ ဖြူရော........."

"ဖြူက ညနေလေးနာရီဆို တမာပင်ရိပ်ကကန်သင်းဆီသွားပြီး ချည်လေးထိုးရင်း နေတော့တာပဲ........"

"ဒယ်ဒီ ဒါဆို ဖြူ့ဆီကျွန်တော်သွားလိုက်ဦးမယ်နော်.......ရော့ ကားသော့........"

မပြိုသည့်မိုး ( Completed )Where stories live. Discover now