အပိုင်း ( ၁၁ )

810 89 0
                                    

Unicode>>>>>

"ဆန်းလေး.........ပြီးရင် အောက်ဆင်းခဲ့နော် ဒယ်ဒီစောင့်နေမယ်........."

"ဟုတ် ဒယ်ဒီ ပြီးပါပြီ.........."

ညို ဒယ်ဒီလာပို့ထားတဲ့ style pantအနက်ရောင်နဲ့ shirtလက်ရှည် အဖြူရောင်လေးကို ဝတ်လိုက်ပြီး leather shoeအနက်ရောင်လေးစီးထားလိုက်သည်။ညိုနဲ့ တိုင်းဝယ်ထားသလားအောက်မေ့ရအောင် ကွက်တိလေးချည်းဖြစ်နေသည်မို့ ညိုသဘောကျမိသည်။

"လာ သွားစို့ ဆန်းလေး........."

"ဟုတ် ဒယ်ဒီ ဘွား.........ကျွန်တော်သွားပြီ......."

"အေးအေး မြေးလေး.........သား ‌အရမ်းမကြာနဲ့နော် မြေးလေးလည်းပါနေတာ........."

"အင်းပါမေမေရဲ့........birthday partyသွားတာဆိုတော့ မကြာပါဘူး........"

"အေးအေး ဂရုစိုက်သွားကြကွယ်........"

"ဟုတ်ကဲ့ မေမေ..... ဆန်းလေး သွားရအောင် လာ ကားပေါ်တက်........"

ညို ဒယ်ဒီကားထဲဝင်ထိုင်လိုက်တော့ ဘူးလေးတစ်ဘူး လှမ်းပေးလာသည်မို့ ဖွင့်ကြည့်လိုက်တော့ နာရီလေးတစ်လုံး။ဒယ်ဒီပြောတာတော့ လူတစ်ယောက်မှာ နာရီကောင်းကောင်းတစ်လုံး ရှိသင့်တယ်တဲ့လေ။ဒါဆို ဖြူ့မှာလည်း ရှိသင့်တာပေါ့။ညို နာရီလေးကို ယူပတ်လိုက်ရင်း ဖြူ့ကိုပါသတိရမိပြန်သည်။

"နံ့သာလေးအတွက်ပါ ဝယ်ပေးချင်ပြန်ပြီလား ဆန်းလေး........"

"ဗျာ........ဟုတ် ဒယ်ဒီ......ကျွန်တော့်မှာရှိသမျှ ဖြူ့ပဲပေးချင်မိတာ အဲ့ဒါဘာလို့လဲ ဒယ်ဒီသိလားဟင်........"

"အချစ်လေ........မင်းတကယ်ချစ်လို့အဲ့ဒီလိုဖြစ်နေတာ......."

"ဒယ်ဒီရော အဖေနဲ့ဆို အဲ့ဒီလိုဖြစ်လား........."

"ဟင့်အင်း.......ဒယ်ဒီကတစ်ကိုယ်ကောင်းဆန်တယ်........"

"ဒါပေမဲ့ ဒယ်ဒီ အဖေ့ကိုတကယ်ချစ်တာမလား........."

"ဟုတ်တယ် တကယ်ချစ်ခဲ့ပေမဲ့ သတ္တိနည်းခဲ့တယ်.........အဲ့ဒါကြောင့်လည်း အချစ်မစစ်သလိုဖြစ်သွားခဲ့ရတာ........."

"ဒယ်ဒီ အဖေ့ကိုပြန်ရှာကြည့်ပါ့လား.......ဒယ်ဒီ အဖေ့ကိုချစ်နေသေးတာ ကျွန်တော်သိပါတယ်.........."

မပြိုသည့်မိုး ( Completed )Where stories live. Discover now