Unicode>>>>>
"Brownie.........."
"ဪ မေမီ ဘာကိစ္စရှိလို့........."
"ဟို ဇာတ်ကားအတူကြည့်မလားလို့လာခေါ်တာ..........."
"မကြည့်တော့ဘူးနော်မေမီ.......ကျွန်တော်တစ်နေကုန်အပြင်သွားထားလို့ထင်တယ် ပင်ပန်းနေလို့ အိပ်တော့မလို့.........."
"ဪ အင်းအင်း........."
"မေမီ ကြည့်စရာအဖော်မရှိလို့လား........."
"အင်း........သရဲကားဆိုတော့ အဖော်နဲ့ကြည့်ချင်လို့..........."
"ချမ်းယွန်းနဲ့လင်းလက်ရော.......အိပ်ကြပြီလား........."
"မအိပ်သေးဘူး........သူတို့ကသရဲကားမကြိုက်ဘူးတဲ့........."
ညိုအိပ်တော့မယ်ပြောတာတောင် အခန်းရှေ့ကနေမခွာပဲ ရစ်သီရစ်သီလုပ်နေတဲ့ မေမီကိုအားနာတာနဲ့ အခန်းထဲဝင်ခိုင်းလိုက်ရတော့သည်။ချမ်းယွန်းရဲ့ စနက်လားလည်းမသိ။ဒင်းက သိပ်ကိုအောင်သွယ်ပေးချင်လွန်းလှသည်။
"ခုံပေါ်ပဲထိုင်ကြည့်ရအောင်........အိပ်ယာပေါ်ဆို ကျွန်တော် အိပ်ပျော်သွားနိုင်တာမို့........"
"အင်းအင်း...........ဒါဆိုထိုင်ပြီနော်........"
မေမီ Brownieဘေးခုံမှာဝင်ထိုင်လိုက်ပြီး ဖုန်းထဲကဇာတ်ကားကိုဖွင့်လိုက်ကာ မီးပိတ်လိုက်ရမလားမေးတာနဲ့ခေါင်းငြိမ့်ပြလိုက်တော့ Brownieမီးထပိတ်လာသည်။ဖုန်းအလင်းရောင်တစ်ခုနဲ့ မီးအိမ်မှိန်မှိန်လေးပဲထွန်းထားတာမို့ သရဲကားကြည့်ရတာ ပိုပြီးခြောက်ခြားစရာကောင်းလာသည်။
"မေမီ........သရဲကားက ဒါပဲရှိတာလား........"
"အင်းဟုတ်တယ်.......Brownieကြည့်ပြီးသားမလို့လား.........."
"ဟုတ်တယ် ကျွန်တော်ကြည့်ပြီးပြီ.......ကျွန်တော့်ကောင်မလေးနဲ့အတူကြည့်ခဲ့လိုက်တာ......."
"ဪ........."
"ဒါပေမဲ့ မေမီ မကြည့်ရသေးရင်ကြည့်ပါ.......ကျွန်တော်ကူကြည့်ပေးပါ့မယ်........"
"Brownieက ကောင်မလေးကိုတော်တော်ချစ်ပုံပဲနော်.........သူ့အကြောင်းမပါရင် စကားမပြောတတ်အောင်ကိုလေ......."
![](https://img.wattpad.com/cover/295220209-288-k868480.jpg)
YOU ARE READING
မပြိုသည့်မိုး ( Completed )
Romanceငယ်စဉ်ကတည်းကပေါင်းသင်းလာခဲ့ပြီး သိပ်ချစ်ကြတဲ့ သူငယ်ချင်းချစ်သူနှစ်ယောက်ကြား ကောင်မလေးတစ်ယောက် အမှတ်မထင်ဝင်လာတဲ့အခါမှာတော့.......