အပိုင်း ( ၁၀ )

876 91 1
                                    

Unicode>>>>>

!ဒေါက် ဒေါက် ဒေါက်!

"အိပ်ကြပြီလားကလေးတွေ.........."

"အိပ်တော့မှာ ဒယ်ဒီ.........."

ညို ဒယ်ဒီကိုပြန်ပြောလိုက်ရင်း ညို့ဗိုက်ကိုလိမ်ဆွဲနေတဲ့ ဖြူ့ရဲ့လက်ကလေးတွေကို ဖယ်နေရသည်။

"ဖြူ ကို တကယ်နာနေပြီ........."

"မယုံဘူး ပြ..........."

ညို ဗိုက်လှန်ပြလိုက်တော့ နီနေတဲ့ညို့ဗိုက်ကိုကြည့်ပြီး ဖြူမျက်နှာငယ်လေးနဲ့ဖြစ်သွားသည်မို့ ညိုပါစိတ်မကောင်းဖြစ်ရပြန်သည်။

"ညို တအားနာသွားလားဟင်.......နာတာကိုပြောပါ့လားလို့......."

"မနာပါဘူးဖြူရဲ့.........ဖြူစိတ်ကျေနပ်မယ်ဆိုရင် ကို့ကိုဘာလုပ်လုပ် ရတယ်.........."

"မရပါဘူး.........ဒီမှာနီတောင်နီနေပြီ ဖြူ့ကိုပြန်လုပ်ပါ့လားဟင်......နော် ညို........"

"မလုပ်ပါဘူးဖြူရယ်........ဖြူလည်း စိတ်ဆိုးလို့လုပ်မိတာပဲဟာ......ရည်ရွယ်တာမှမဟုတ်ပဲ ထားလိုက်တော့နော်.........လာ အိပ်ရအောင်.......မနေ့ညက စာတော်တော်ကျက်ထားရတာ ကိုတို့နားသင့်ပြီ........."

"အင်း.........."

"ဖြူ လိုက်ကာခြားမလို့လား........."

"ခြားရမှာပေါ့........ရှင်က ကျွန်မကို ရိုးသားတဲ့စိတ်မှမရှိတော့တာ......."

"ဖြူကလည်း........."

"ဘာဖြူကလည်းလဲ..........."

"ဘာမှမဟုတ်တော့ဘူး.......နောက်မှ ကို့ကိုလာဖက်မအိပ်နဲ့နော် ဒါပဲ အိပ်ပြီ.........."

ညို့အတွက် ခြင်ထောင်ကို သက်သက်ထောင်နေလိုက်တော့ ဖြူကလည်း သူ့ဘက်အခြမ်းမှာသူ ခြင်ထောင်ထောင်နေတော့သည်။ညိုတို့ကြားထဲမှာတော့ လိုက်ကာလေးတစ်ခု ခြားလျက်။

"ညို့.......အိပ်ပြီလား......ညိုလို့........."

"ဖြူ.......ဘယ်လိုလုပ်........"

"ရှူး တိုးတိုးနေ.......ဒယ်ဒီအိပ်နေလောက်ပြီ......."

"ကို့ဘက်ကိုသွားအိပ်လေဖြူ......."

"ဒီမှာအိပ်ချင်လို့.......ပေး လက်........."

ဖြူ ညို့ခြင်ထောင်ဘက်ကူးသွားလိုက်ကာ ညို့လက်မောင်းပေါ်ခေါင်းအုံးနေလိုက်သည်။ညိုဟာ ဖြူ့မျက်နှာကိုပဲ အရိပ်တကြည့်ကြည့်ကြည့်နေတတ်တဲ့သူမို့ ဖြူမကြိုက်တာ ညိုမလုပ်မှန်း ဖြူသိသည်။ထို့ကြောင့်လည်း ညို့ကိုယုံကြည်ပြီး အတူလာအိပ်ခြင်းသာ။

မပြိုသည့်မိုး ( Completed )Where stories live. Discover now