အပိုင်း ( ၁၂ )

828 91 3
                                    

Unicode>>>>>

"ဒယ်ဒီ ကျွန်‌တော် ကားထဲကပဲသွားစောင့်နေတော့မယ်.......ဒယ်ဒီပြီးရင်သာ လိုက်လာခဲ့တော့............"

"အိုကေ ဆန်းလေး.......ရော့ ကားသော့ယူသွား........."

ညို ဒယ်ဒီ့ဆီက ကားသော့ယူခဲ့ပြီးတာနဲ့ ဒယ်ဒီကားနားလေးမှာရပ်လိုက်ကာ ကားတံခါးဖွင့်ပြီး ဝင်ထိုင်ဖို့ ပြင်လိုက်သည်။

"ဟဲ့ နေဦး.........ငါ နင်နဲ့ပြောစရာရှိတယ်......."

ညို့လက်ကို လာဆွဲတဲ့ အသံရှင်ကောင်မလေးကို နောက်လှည့်ကြည့်လိုက်တော့ ချမ်းယွန်းဆိုတဲ့ကောင်မလေး။

"ပြောလေ........."

"နင်က ကိုကြီးထိုက်ဆန်းရဲ့သားဆို........."

"အေး ဟုတ်တယ်........"

"ဒါဆို နင့်အမေကဘယ်မှာလဲ........."

"အမေမရှိဘူး.........."

"ဪ ဒါဆို ကိုကြီးထိုက်ဆန်းက Single Fatherထင်တယ် တော်သေးတာပေါ့........"

"ရပြီမလား........."

"နေဦး........နင်က နောင်တစ်ချိန် ငါ့သားဖြစ်လာနိုင်တယ်ဆိုတော့ နင့်နာမည်ပြောခဲ့ဦး.........."

"မသိလည်းဖြစ်တယ်ထင်တယ် ငါကအမေမလိုဘူးမို့........."

"ဟဲ့.........."

ညို ပြောစရာရှိတာပြောပြီးတာနဲ့ ကားတံခါးကိုပိတ်ချလိုက်ကာ ဖြူ့ဆီဖုန်းခေါ်နေလိုက်သည်။ညိုနဲ့ရွယ်တူကောင်မလေးကို အမေတော်ရအောင် ညိုရူးနေတာမှမဟုတ်တာ။ပြီးတော့ ဒယ်ဒီကလည်း အဖေ့ကိုပဲချစ်နေသေးတဲ့ဟာ။အဲ့ဒီကောင်မလေးက တကယ့်ငကြောင်လေးပဲ။

"ဟဲလို ဖြူ........."

"အင်း ညို......."

"အိပ်နေပြီလားဖြူက........."

"အိပ်တော့မလို့ပဲ ညိုဖုန်းမခေါ်သေးတာနဲ့ လိုင်းသုံးရင်း‌ စောင့်နေတာ........"

"‌ဒါဆို ကို့ဆီ ဖြူ့ပုံလေးတွေ ပို့ပေးပါဦး........ကို ဖြူ့ကိုအရမ်းလွမ်းနေလို့........."

"ညိုလည်းပို့ပေးနော် ဒါဆို လိုင်းပေါ်ကပဲပြောရအောင်........နော် ဖေဖေတို့ကအိပ်နေကြပြီမို့........."

မပြိုသည့်မိုး ( Completed )Where stories live. Discover now