အပိုင်း ( ၂၆ )

794 66 6
                                    

Unicode>>>>>

"မငိုပါနဲ့.........ငိုတယ်ဆိုတာအရှုံးပေးတာတဲ့ဖြူရဲ့........."

ညို ဖြူ့ရဲ့ကျောလေးကိုပွတ်ပေးလိုက်ရင်း ရင်ထဲလည်းမချိမဆန့်ကိုနာကျင်နေရသည်။ဖြူ လုပ်ရက်လိုက်တာလို့လည်း နှုတ်ကပြောမထွက်ပြန်ဘူးမို့ အရာအားလုံးကို သိနေလျက်နဲ့ မြိုသိပ်နေမိပြန်သည်။

"ဖြူ........ကိုတို့ အုပ်ကြီးတို့အတွက် တစ်ခုခုသွားဝယ်ရအောင်လေ........."

"ဘာအုပ်ကြီးလဲ ကိုနော်........."

မျက်ရည်တွေစိုရွှဲနေတဲ့မျက်နှာလေးနဲ့ ညို့ကိုမျက်စောင်းလေးထိုးလာတဲ့ ဖြူကလေ မနေ့ကနဲ့ကိုမတူ။အခုကျ ဘာမှမသိတဲ့ကလေးငယ်လေးနဲ့ ‌တူနေသည်။

"ကို..........ဖြူလေ ဖြူကြောက်တယ်........."

"ဟမ် ဘာကိုလဲဖြူရဲ့........."

"ဖြူ ကို့ကိုမချစ်တော့မှာကို........."

ညို ပြုံးလိုက်မိရင်း ဖြူ့နဖူးလေးကိုအနမ်းလေးပေးလိုက်၏။ညို့ကို ဖြူမချစ်တော့တာရော ညိုမကြောက်သင့်ဘူးလား ဟင်။

"ကို ဖြူ့ကိုပဲချစ်တာပါ မချစ်တော့ဘူးဆိုတာမရှိဘူးဖြူ့အပေါ်မှာ.....နော်........"

"ဟုတ်.........."

"ကဲ လာ ထ သွားရအောင်........ကို ရေခဲမုန့်ဝယ်ကျွေးမယ်ဖြူ့ကို........."

"နှစ်ခုစားမှာနော်........"

"နှစ်ခုထက်မကပါခင်ဗျာ........"

ဖြူ ညို့စကားကြားတာနဲ့ ရယ်လိုက်မိပြီးမျက်ရည်တွေသုတ်လိုက်ကာ မျက်နှာပြန်သစ်ပြီးတာနဲ့ ညိုနဲ့အတူ ဆိုင်ကယ်နဲ့ပဲ အိမ်ကနေထွက်လာခဲ့လိုက်သည်။

"ဖြူ.........."

"ဟုတ် ကို ပြောလေ.........."

"နောက်ကိုမျက်ရည်မလွယ်နဲ့နော် ကြားလား မျက်ရည်လွယ်တာ ကိုမကြိုက်ဘူး........."

"အင်းပါကိုရဲ့.......ဖြူ မငိုတော့ပါဘူးနော်........"

ဖြူ ဆိုင်ကယ်မောင်းနေတဲ့ညို့ရဲ့ပုခုံးလေးကိုနမ်းလိုက်ရင်း ဘေးဘီဝဲယာကိုငေးနေလိုက်သည်။အစစအရာရာ အဆင်ပြေနေတဲ့ ဖြူတို့နှစ်ယောက်ကြားကိုမှ ချမ်းယွန်းသော် ဝင်ရှုပ်ရက်သည်။မုန်းတယ် မုန်းတယ် သိပ်ကိုမုန်းတာပဲ ရှင့်ကို။

မပြိုသည့်မိုး ( Completed )Where stories live. Discover now