အပိုင်း ( ၉ )

806 94 0
                                    

Unicode>>>>>

"ဘယ်လိုလဲ သားချောလေး.......အဆင်ပြေခဲ့လား........."

"ပြေတယ်ထင်တာပဲဒယ်ဒီရဲ့.......ညို့ကို စဉ်းစားပေးမယ်တဲ့........"

"ညိုကလည်း မမနံ့သာဖြူကအရင် ညို့ကိုကြိုက်နေတဲ့ဟာ........တန်းအဖြေရအောင်လုပ်ခဲ့တာမဟုတ်ဘူး........."

"ဟဲ့ ခင်လင်း........မမနံ့သာဖြူက မိန်းကလေးလေ နည်းနည်းပါးပါးမူဦးမှာပေါ့.......အေးလေ နင်ကဘယ်သိမှာလဲ နင့်ကိုကြိုက်တဲ့သူမှမရှိဖူးတာ........."

"ကိုကိုမြတ်လင်းနော်.......ခင်လင်းဆို သိပ်ဖဲ့တာပဲ........"

ညို ခင်လင်းပြောတာကို ပြန်စဉ်းစားရင်း နည်းနည်းတော့ မျှော်လင့်ချက်လေးရှိလာသလိုခံစားရသည်။

"ဒယ်ဒီ ညဘယ်မှာအိပ်မှာလဲ........."

"ဦးစိုးမြင့်တို့အိမ်ပေါ့........ဘာလို့လဲဆန်းလေး.........ဒယ်ဒီတစ်ခါတည်း နံ့သာလေးကိုတောင်းခဲ့ပေးရမလား........."

"မလုပ်ပါနဲ့ဒယ်ဒီရယ်........သားအဖနှစ်‌ ‌ယောက် ကားတောင်မယူနိုင်ပဲ ရွာကနေ ထွက်ပြေးနေရပါဦးမယ်........"

"မင်းပြောမှပဲ ဒယ်ဒီတောင်လန့်လာပြီ.........ဆန်းလေးကရော ဒီမှာအိပ်နေခဲ့မှာလား..........."

"အဲ့ဒါစဉ်းစားနေတာဒယ်ဒီ.........ဖြူက သူ့ဆီလာမအိပ်ရင် တခြားတစ်ယောက်ကို အဖြေပေးလိုက်တော့မယ်တဲ့........."

"ဒါဆို ဘာစဉ်းစားနေသေးလဲညိုရဲ့........မမနံ့သာဖြူက ညို့ကိုချစ်နေတာ အသိသာကြီးဟာ.........သွားအိပ်လိုက်ပေါ့.......ညို ဒီမှာတစ်ပတ်တောင်နေဦးမှာပဲဟာ........နောက်ရက်မှ ခင်လင်းတို့ဆီလာအိပ်ပေါ့.........."

"ဟုတ်တယ်နော် ခင်လင်း........ဒါဆို ငါ ဒယ်ဒီနဲ့လိုက်သွားမယ်နော်........နောက်ရက်မှ အေးဆေးစကားပြောကြရအောင်ငါတို့........"

"အင်းအင်း အဖြေသာရအောင်တောင်းခဲ့နော်ညို.......ကြားလား........"

"အင်းပါ ခင်လင်းရဲ့........."

ညိုတို့သားအဖ ကြီးတိုးတို့အိမ်မှာညစာစားခဲ့ပြီးတာနဲ့ ဖြူတို့အိမ်ဘက်ကို လျှောက်လာခဲ့ကြသည်။

"ဆန်းလေး.........."

"ဗျာ ဒယ်ဒီ............"

"ရော့ မင်းအတွက်..........."

မပြိုသည့်မိုး ( Completed )Where stories live. Discover now