အပိုင်း ( ၂၁ )

709 78 5
                                    

Unicode>>>>>

"ဒယ်ဒီ ကျွန်တော်ပြောစရာရှိလို့........"

"ပြောလေ ဆန်းလေး........"

"ဒယ်ဒီ ကျွန်တော့်ကိုလက်ဆောင်ပေးချင်နေတာမလား........."

"ပေးချင်တာပေါ့ကွ.......မင်းလိုချင်တာရှိလို့လားပြောလေ.........."

"ကျွန်တော့်ကိုဒီမှာ အိမ်တစ်လုံးလောက်ဆောက်ပေးပါ့လား.......ဖြူတို့အိမ်မှာတည်းနေရတာ အားနာလာလို့.........."

"ဒယ်ဒီလည်း အဲ့ဒါတွေးနေတာ........ဒယ်ဒီဟိုပြန်ရောက်ရင် စီစဉ်လိုက်မယ်ဆန်းလေး.......ဟုတ်ပြီလား........"

"ဟုတ် ဒယ်ဒီ ဒါနဲ့ ကျွန်တော့် မွေးနေ့က ဘယ်နေ့လဲဟင်..........."

"ရှစ်လပိုင်း ခုနစ်ရက်နေ့........နောက်လပဲဆန်းလေးရဲ့........မွေးနေ့ပွဲလုပ်ချင်လို့လား........"

"မလုပ်ချင်ပါဘူး မွေးနေ့လက်ဆောင်ကြိုတောင်းလို့ရလားဟင် ဒယ်ဒီ........"

"ဟ ဒီ‌ကောင်လေး........ထူးထူးဆန်းဆန်းပါ့လား.......ပြောကြည့် ဒယ်ဒီပေးမယ်........"

"ကျွန်တော် ဖြူ့ကို မန္တလေးမှာ တစ်လလောက်ခေါ်ထားချင်လို့ အဲ့ဒါ ဦးစိုးကို ဒယ်ဒီပြောပေးပါ့လား........."

"မွေးနေ့လက်ဆောင်ကအဲ့ဒါပေါ့လေ........."

"ဟုတ်..........."

ညိုပြောပြီးတာနဲ့ ဒယ်ဒီကအောက်ပြန်ဆင်းသွားကာ ဦးစိုးတို့နဲ့စကားသွားပြောနေတော့သည်။ဖြူကလည်း ရေသွားချိုးနေတာနဲ့ ညို အဝတ်အစားအိတ်တွေကိုသေချာပြန်စီရင်း ဖြူအလာကိုစောင့်နေလိုက်သည်။မနက် မန္တလေးပြန်ရင် ဖြူလိုက်လာရင်ကောင်းမယ်ဆိုတဲ့အတွေးလေးနဲ့ပေါ့။

"ဆန်းလေး........ဒယ်ဒီပြောလာခဲ့ပြီ.......တစ်လကြီးကျ များတယ်တဲ့ နှစ်ပတ်လောက်တော့ခေါ်သွားပါတဲ့........ဒယ်ဒီလည်း မင်းမွေးနေ့အထိတော့ ခေါ်ထားပါရစေ ပြောခဲ့လိုက်တယ်........အခု ခေါ်လို့ရပြီမင်းကောင်မလေးကို.........."

"ဒါမှဒယ်ဒီကွ........ဒယ်ဒီရော အဝတ်အစားတွေပြန်ထည့်ပြီးပြီလား ကျွန်တော်ပြင်ပေးရမလား.........."

"ပြင်ပြီးပါပြီကောင်လေးရ........မင်းသာ မင်းကောင်မလေးအဝတ်အစားတွေထည့်ပေးထားနှင့်........"

မပြိုသည့်မိုး ( Completed )Where stories live. Discover now